Monday, October 3, 2016
Sunday, September 25, 2016
Saturday, August 27, 2016
Wednesday, March 30, 2016
စက်ကြီး (၁၃)ပါး ဂါထာပါဠိ
သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃာ့စက်။
လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မှု၊
မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။
မြတ်သည့်ဆရာ ပညာတည်း။
သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊
သြောင်း - နမော ဓမ္မာ နုဘာဝေန၊
သြောင်း - နမော သံဃာ နုဘာဝေန၊
သြောင်း - ဒူရေ ဒူရေ၊ သွား ဟုံ ဟုံ။
***** *** *****
စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး
စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။
ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။ ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။
Tuesday, March 29, 2016
ရှင်ပြုအလှူများ များပြားသော ယနေ့အချိန်တွင် သာမဏေလောင်းများ သိမှတ်ရှောင်ကျဉ်သင့်သည့် ရှင်လိင်ပြန်အပ်သော သိက္ခာပုဒ် (၁၀) ပါး
ဒသဟင်္ဂေတိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော၊
ပါဏာတိပါတီ ဟောတိ၊
အဒိန္နာဒါယီ ဟောတိ၊
အဗြဟမစာရီ ဟောတိ၊
မုသာဝါဒီ ဟောတိ၊
သုရာမေရယမဇ္ဇပါယီ ဟောတိ၊
ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊
ဓမ္မဿ အဝဏ္ဏံ ဘာသတိ၊
သံဃဿ အဝဏ္ဏံ ဘာသတိ၊
မိစ္ဆာဒိဋ္ဌိကော ဟောတိ၊
ဘိက္ခုနိဒူသကော ဟောတိ၊
ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော။
-
ဒသဟိ - ဆယ်ပါးကုန်သော၊ အင်္ဂေတိ - အကြောင်းအင်္ဂါတို့နှင့်၊ သမန္နာဂတော - ပြည့်စုံသော၊ သာမဏေရော - သာမဏေကို၊ နာသေတဗ္ဗော - လိင်ပြန်စေအပ်၏၊
ပါဏာတိပါတီ - သူ့အသက်ကို သတ်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
အဒိန္နာဒါယီ - အရှင်မပေးသော ပစ္စည်းကို ခိုးယူလေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
အဗြဟမစာရီ - မမြတ်သော မေထုန်အကျင့်ကို ကျင့်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
မုသာဝါဒီ - မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
သုရာမေရယမဇ္ဇပါယီ - သေရည်သေရက် သောက်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊ အဝဏ္ဏံ - ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို၊ ဘာသတိ - ပြောဆို၏၊
ဓမ္မဿ - တရားတော်မြတ်၏ အဝဏ္ဏံ - ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို၊ ဘာသတိ - ပြောဆို၏၊
သံဃဿ - သံဃာတော်မြတ်၏၊ အဝဏ္ဏံ - ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို၊ ဘာသတိ - ပြောဆို၏၊
မိစ္ဆာဒိဋ္ဌိကော - မှားသောအယူရှိသည်၊ ဟောတိ - ဖြစ်၏၊
ဘိက္ခုနိဒူသကော - ဘိက္ခုနီမကို ဖျက်ဆီးသည်၊ ဟောတိ - ဖြစ်၏၊
ဒသတိ - ဆယ်ပါးကုန်သော၊ ဣမေဟိခေါအင်္ဂေဟိ - ဤအကြောင်းအင်္ဂါတို့နှင့်၊ သမန္နာဂတော - ပြည့်စုံသော၊ သာမဏေရော - သာမဏေကို၊ နာသေတဗ္ဗော - လိင်ပြန်စေအပ်၏။
-
အောက်ပါ ဆယ်ပါးသော သိက္ခာပုဒ်တို့ကို ကျူးလွန်ဖောက်ဖျက်သော ရှင်သာမဏေသည် ရှင်လိင်ပြန်စေအပ်၏။
၁။ သူ့အသက်ကို သတ်ခြင်း
၂။ အရှင်မပေးသော ပစ္စည်းကို ခိုးခြင်း
၃။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း
၎။ အကျိုး ထိခိုက်အောင် လိမ်လည်ပြောဆိုခြင်း
၅။ သေရည်သေရက် သောက်ခြင်း
၆။ ဘုရားကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း
၇။ တရားကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း
၈။ သံဃာကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း
၉။ ဘာသာအယူလွဲခြင်း
၁၀။ ရဟန်းမိန်းမကို ဖျက်ဆီးခြင်း
Monday, March 28, 2016
ရခိုင်ရိုးရာ ရှင်(သျှင်) ပြုဓလေ့ နှင့် ရခိုင်လူမျိုးတို့၏ ရှင် (သျှင်)ပြုမင်္ဂလာ
ဘုရားရှင်လက်ထက်ကပင်
ရှင်ပြုခွင့်ရရှိလာသည်မှစ၍ ရှင်ပြုဓလေ့သည်
ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကုသိုလ်တော်
ပွဲထူးပွဲမြတ်တစ်ခု ဖြစ်လာသည်။
မိဘများလည်း သာသနာအမွေပေးရာ ၊
ခံရာရောက်၍ မြင့်မြတ်သည်ဟု
ယုံကြည်ကြသည်။
ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ
ဖြစ်ကြသည့်အလျောက် မိမိတို့၏
သားရတနာများကို သာသနာဘောက်သို့
သွတ်သွင်းချီးမြှင့်သည့်
သျှင်ပြုမင်္ဂလာအခမ်းအနားကို တခမ်းတနား
ကျင့်ပလေ့ရှိကြသည်။ မိဘများသည် သားရတနာထွန်းကားလာသည့်အခါ
သာသနာ့အမွေကို ဆက်ခံရမည့်သူအဖြစ်
စိတ်နှလုံးဝမ်းမြှောက်ကာ တစ်နေ့တွင်
သျှင်ပြုရမည်ကို မျှော်မှန်းလျှက် လိုအပ်ငွေများကို
စုဆောင်းတတ်ကြသည်။ ဤသည်မှာ
သားယောင်္ကျားမွေးသည့် မိဘတိုင်း၏
ယုံကြည်ချက်ပင်ဖြစ်လေသည်။
သျှင်ကျင့်ကို ထိန်းနေသည့်အရွယ်တွင်
သျှင်ပြုကြသည်။ သျှင်ပြုမင်္ဂလာမတိုင်မီ လိုအပ်သော ပရိက္ခရာ သင်္ကန်းများ၊ ကျွေးမွေး ဧခံရန်လိုအပ်ချက်များကို ၀ယ်ယူစုဆောင်းကြသည်။
ငွေကြေးတတ်နိုင်သူတို့မှာ တတ်နိုင်သလောက်
အလှူပစ္စည်းများကို ၀ယ်ကြသည်။
သျှင်ပြုပွဲမတိုင်မီ ရက်သတ္တ(၂)ပတ် အလိုတွင်
သျှင်လောင်းများအား ပုတီးစိပ်နှင့် သျှင်ကျင့်ဝတ်များကို
သင်ယူနိုင်ရန် ဆိုင်ရာ ဘုန်းတော်ကြီး
ကျောင်းသို့ စေလွှတ်အပ်နှံကြသည်။
ဆွေမျိုး မိတ်သင်္ဂဟများနှင့် ရပ်ကွက်၊
ကျေးရွာသားများအားလည်း
ဖိတ်ကြားကြရသည်။ ထို့နောက် အိမ်ရှေ့တွင် အလှူ မဏ္ဍပ်ကို ဆောက်လုပ်ရလေသည်။
သျှင်ပြုပွဲမတိုင်မီ (၃)ရက်ခန့်အလိုတွင်
အိမ်ထောင်ရှင် အမျိုးသမီးကြီးများသည် ကွမ်းထောင်၊ ပန်းထောင်များ စုပေါင်းပြုလုပ်ကြသည်။
တစ်ရက်အလိုတွင် သျှင်လောင်းလှ့ည်ပြီး
သျှင်လောင်းလှည့်ပွဲတွင် အဓိက သျှင်လောင်းနှင့် နေ့နံသင့်အမျိုးသမီးများအား ပရိတ်အို ရွက်လျှက်
ရှေ့ဆုံးမှ စီတန်းသွားစေသည်။
သျှင်လောင်း၏ မိခင်က သင်္ကန်းကိုခေါင်းတွင်ရွက်၍
ဖျာလိပ်၊ ခေါင်းအုံး ၊ ပန်းထောင် ၊ အလှူပစ္စည်း
စသည်များကို အမျိုးသမီးများရွက်၍
စီတန်းသွားကြရသည်။ သျှင်လောင်း၏
ဖခင်သည် သင်္ကန်းမှအပ ပရိက္ခရာများကို လွယ်လျှက်သွားရသည်။
သျှင်လောင်းကို ဆင် မြင်းများအပေါ်တွင်တင်၍
လည်းကောင်း၊ ထမ်းစင်ပေါ်တွင် တင်၍
လည်းကောင်း၊ နေ့သင့်နံသင့်သည့်
ကာလသားများက ခြံရံကာ သျှင်လောင်းကို
ရွှေထီးမိုးပြီး စီတန်းလိုက်ပါရသည်။
နောက်တွင် မင်္ဂလာပန်းတျင်းတီးပြီး
သျွှန်းလိုက်ရတုများကို ရွက်ဆို
လိုက်ပါလေ့ရှိကြသည်။
သျှင်ပြုသည့်နေ နံနက်စောစောတွင်
သျှင်လောင်းအား မင်္ဂလာမြှောက်ရသည်။
နေ့နံသင့်သူများကို သျှင်လောင်း၏ အခြံအရံများ
အဖြစ်ရွေးချယ်ကာ လာရောက်ကြသည်။
ဆရာတော်ကြီးက သီလချီးမြှင့်၍
အန္တရာယ်ကင်း ပရိတ်တရားတော်များကို
ရွတ်ဖတ်ကြသည်။
သျှင်လောင်း၏ မိဘများမှ
ညနေ့သျှင်လောင်းလှည့်ချိန်ကပင် ဥပုသ်
ဆောက်တည်နေကြသည်။
မင်္ဂလာမြှောက်ပြီးနောက်
ဘုန်းတော်ကြီးကျောင်းသို့ သွားကြရသည်။
ဘုန်းတော်ကြီးက သျှင်လောင်းအား
သင်္ကန်းကပ်၊ သင်္ကန်းတောင်းများကို ပြုလုပ်သည်။
ထိုသို့ ပြုလုပ်နေစဉ် ကာလသားများက
ကျောင်းအောက်ထပ်တွင် ဗုံကျယ်ကျယ်လောင်လောင်တီးကာ
အနှောင့်အယှက်ပေးကြသည်။
သျှင်လောင်းမိဘများထံမှ ဆုချီးမြှင့်ငွေကို
ရလို၍ ဖြစ်သည်။
၎င်းကို မာန်နတ်မှောင့်သည်ဟု ခေါ်ဆိုလေ့
ရှိကြသည်။
သျှင်လောင်းအား ခေါင်းရိတ်သည့်အခါ
မိဘဆွေမျိုးများက ပိတ်ဖြူစင်ကြယ်ဖြင့်
ဆံပင်များကို မြေကြီးသို့မကျစေရန်
ခံယူကြသည်။
ခေါင်းရိတ် ရေချိုးသန့်စင်ပြီးသောအခါ
ကာလသားများ သျှင်လောင်းအား
ရွတ်ချီ၍ ဆရာတော်ကြီးထံ
အရောက်ပို့ပေးကြသည်။ ဆရာတော်က
(၁၀)ပါးသီလ ချီးမြှင့်ပြီး သာမဏေဘောင်သို့
သွင်းလျှက် လူအမည်ကိုဖျောက်ကာ
သျှင်သာမဏေဘွဲ့ကို ချီးမြှင့်ပေးလေသည်။
ဓာတ်ပုံ ➳ အခင်နိုင်နိုင်(အမျိုးသားရီး)
ထုတ်နုတ်ချက် ။ ။
အသျှင်စက္ကိန္ဒ၏
(ရခိုင်ယဉ်ကျေးမူများ အမှတ် ၈)၊နှင့်
အခင်ဦးရွှေဇံပြုစုသော
(ရခိုင်သမိုင်းအလင်းပြကျမ်း) မှ
ထုတ်နုတ်ဖော်ပြပီးပါသည်။
Nhuun KabyarNwe
(ဓညဝတီ)
Thursday, March 17, 2016
သမ္မတ အသစ် က တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီးဌာန (၂၁)ဌာန
၁။ ပြည်ထဲရေးဝန်ကြီးဌာန
၂။ ကာကွယ်ရေးဝန်ကြီးဌာန
၃။ နယ်စပ်ရေးရာဝန်ကြီးဌာန
၎။နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ပြန်ကြားရေးဝန်ကြီးဌာန
၆။သမ္မတရုံးဝန်ကြီးဌာန
၇။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၈။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၉။ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာန
၁၀။သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၁၁။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၁၂။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၁၃။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
၁၄။စက်မှုဝန်ကြီးဌာန
၁၅။တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၆။စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၇။ပညာရေးဝန်ကြီးဌာန
၁၈။ကျန်းမာရေးဝန်ကြီးဌာန
၁၉။ဆောက်လုပ်ရေးဝန်ကြီးဌာန
၂၀။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၂၁။ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန..
----------------------------------------------------------
ဒီအပေါ် လေ့လာတွေ့ရှိချက်အရ..
ယခင် ၃၆ ဌာန အနက် မှ....
၉ ခုဖျက်သိမ်းခဲ့ပါတယ်...
၁၄ ခုကို ၇ ခုပေါင်းခဲ့ပါတယ်...
ဌာန အသစ်တစ်ခုအသစ်ဖွဲ့ခဲ့ပါတယ်..
-----------------------------------------------
သမ္မတရုံးဝန်ကြီးဌာန (၁ မှ ၆)အထိ
ပေါင်းပြီး သမ္မတ ရုံးဝန်ကြီးဌာန
တစ်ခုတည်းကိုသာထားရှိတော့ပြီး...
အားကစားဝန်ကြီးဌာန
သိပ္ပွံနှင့်နည်းပညာဝန်ကြီးဌာန
သမဝါယမ ဝန်ကြီးဌာန.
ရထားပို့ဆောင်ရေးဝန်ကြီးဌာန..၄ ခုကို ဖျက်သိမ်းခဲ့ပါတယ်။
---------------------------------------------------------------------
အောက်ကယခင် ဌာန ၁၄ ခုကို ပေါင်းပြီး
၇ ခုဖွဲ့စည်းခဲ့ပါတယ်..
၁။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၂။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၃။ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာန
၎။သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၅။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၆။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၇။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
--------------------------------------------------------
အခု ၂၁ ဌာန ဖြင့်
ဖွဲ့စည်းသွားလိုကြောင်း..
တင်သွင်း သွားခဲ့ပါတယ်..
ဒါကို ထောက်ခံ၊ကန့်ကွက်လိုတဲ့
လွှတ်တော်ကိုယ်စားလှယ်များရှိပါက
ဒီနေ့ ညနေ မှာ..အမည်စာရင်း
တင်သွင်းကြရမှာ ဖြစ်ပြီး..
မနက်ဖြန် မှာ…
လွှတ်တော်အတွင်း ဆွေးနွေးကြမယ် လို့ဆိုပါတယ်…
Credit ... ကိုသန်းဖြိုးနိုင်
Thursday, January 14, 2016
ဂိုင်းကြီးကြီး လိုက်ရှာတော့
ဆင်းရဲသား ကောင်လေး တစ်ယောက်ကချမ်းသာတဲ့ကောင်မလေး တစ်ယောက်ကို ချစ်နေမိခဲ့တယ်။အဲဒါနဲ့တနေ့မှာ သူဟာ ထိုကောင်မလေးကိုချစ်ခွင့်ပန်ခဲ့တယ်။အဲဒီအခါ ကောင်မလေးက..."နင်နားထောင်စမ်း။နင့်ရဲ့ တစ်လစာ ကငါ့ရဲ့ တစ်ရက် အသုံးစရိတ်ဘဲရှိတယ်။အဲဒါ နင်နဲ့ငါ ဘယ်လိုလက်တွဲလို့ရမလဲဆိုတာ နင်မစဉ်းစားကြည့်ဖူးလား။ငါကတော့နင့်ကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး။ငါ့ကိုမေ့ပြီး နင်နဲ့ အဆင့်အတန်းချင်း တူတဲ့ ကောင်မလေး တစ်ယောက်နဲ့သာ လက်ထပ် လိုက်ပါတော့ ဟာ။ "ဒါပေမဲ့လည်း ကောင်လေးက သူမကို လွယ်လွယ်နဲ့မမေ့နိုင်ခဲ့ပါဘူး။ဆယ်နှစ်ကြာပြီးတဲ့နောက်Shopping Mall တစ်ခုမှာ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ပြန်တွေ့ကြတော့ ကောင်မလေးက"ဟေး နေကောင်းလား။ငါလက်ထပ်လိုက်ပြီ သိလား။အခုငါ့ရဲ့အမျိုးသား တစ်လဝင်ငွေဘယ်လောက်ရှိလဲသိလား။ဒေါ်လာ ၅၀၀၀ တောင်။နင်အဲဒါမျိုး စိတ်ကူးမိရဲ့လား။နောက်ပြီး သူက အရမ်း Smartကျတဲ့လူတစ်ယောက်ဘဲ။သူမပြောတဲ့စကားကို ကြားပြီးတဲ့နောက်မှာ ထိုကောင်လေးရဲ့မျက်ဝန်းမှမျက်ရည်တွေ ဝဲလာခဲ့တယ်။သိပ်မကြာခင်မှာဘဲ သူမအမျိုးသား ရောက်လာတော့ သူမ ဘာမှမပြောခင်သူမအမျိုးသားက ထိုကောင်လေးကိုကြည့်ပြီး"ဆရာ ဒီရောက်နေတာလား။ဒါကျနော့်အမျိုးသမီးလေ။ "ဆက်ပြီး သူမကိုပြောတယ်။" ဆရာ့ရဲ့ Project တခုမှာ ငါကလက်ထောက်လေ။သူအခုလုပ်နေတာက ဒေါ်လာသန်း ၄၀တန်တဲ့စီမံကိန်းတခုဘဲ။ဆရာ က ဟိုးအရင်က ကောင်မလေးတစ်ယောက်ကိုချစ်ခဲ့ဖူးတယ်။ဒါပေမယ့် သူမရခဲ့ဘူး။အဲဒါကြောင့် ဆရာ ဒီနေ့ထိ အိမ်ထောင်မပြုသေးဘူး။အဲဒီမိန်းကလေးက ဘယ်လောက်ကံကောင်းမလဲနော်။ဆရာ့လိုချစ်နိုင်မယ့်အချစ်မျိုးကဒီနေ့လိုနေ့မျိုးမှာ ဘယ်မှာမှမရှိနိုင်အောင်ပါဘဲဟာ။"ထိုကောင်မလေး ဘာမှပြန်မပြောနိုင် အောင်ဆွံ့အ သွားခဲ့တယ်....
The End.ဘဝ ဆိုတာက အရမ်းလည်း မတိုတောင်းပါဘူး။သူများတွေကိုအားကျနေမယ့်အစား ကျန်နေသေးတဲ့ဘဝသက်တမ်းမှာ အမြင့်ဆုံးရောက်အောင်ကြိုးစားလိုက်ပါ
Credit: myanmar daily star
The End.ဘဝ ဆိုတာက အရမ်းလည်း မတိုတောင်းပါဘူး။သူများတွေကိုအားကျနေမယ့်အစား ကျန်နေသေးတဲ့ဘဝသက်တမ်းမှာ အမြင့်ဆုံးရောက်အောင်ကြိုးစားလိုက်ပါ
Credit: myanmar daily star
Wednesday, January 13, 2016
IT ခေါတ် မြန်မာစကားပုံ ဖွင့်ဆိုချက်များ
Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။
``ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်´´
Connection မကောင်းလျက်နဲ့ Facebook/Youtube ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
``ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း´´
Connection ကောင်းရာ လိုင်း ကိုပြောင်းသုံးသည်။(Mpt,Mec,Ooredoo,Telenor)
``ဂါထာပေး တေးဖြစ်´´
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။
``ငါးစိမ်းမြင် ငါးကင်ပစ်´´
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX , MPT, OOERDOO, TELENOR စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။
``စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ´´ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Pageဆင့်ပါးစပ် နှမ်းပက်ဆင့်ပါးစပ် = Internet Usersနှမ်း = Internet Bandwidth
``ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး´´
မိုးခြိမ်းသဖြင့် / ငလျင်လှုပ်သဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D
``တစ်ခါသေဖူး ပျဉ်ဖိုးနားလည်´´
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်
``တစ်ရွာ တစ်ကျီဆောက်သည်´´
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်
``ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်´´
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။
``ဒူးလောက်တင်မှ ရင်လောက်ကျသည်´´
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။
``နဂိုရှိမှ နကိုင်းထွက်သည်´´
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။
``ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)´´
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။
``ပျက်အစဉ် ပြင်ခဏ´´
MPT (ဟိုနှစ်က ဂျပန်နဲ့ ပေါင်းပြီး ရှေ့သို့လှမ်းချီ လိုက်တော့ အင်တာနက် အသင့်တင့်ကောင်းလာသည်)
``ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်´´
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...
``ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ´´
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။
``ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း´´
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။
``မမှားသောရှေ့နေ၊ မသေသောဆေးသမား´´
မကျဖူးသော ကွန်နက်ရှင်လိုင်း....
``မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်´´
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
``ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ´´
ပန်းသီးတံဆိပ် mobile ပစ္စည်း များ
``လင်းတလောက်တော့ ငှက်တိုင်းလှသည်´´
လင်းတ = မြန်မာပြည် ကွန်နက်ရှင်
``လယ်ထွန်သွား နွားမေ့´´
အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။
``လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)´´
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)
``ဝက်ဖြစ်မှ မစင်မကြောက်နှင့်´´
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။
``သန်းခေါင်ထက် ညဥ့်တိုးမနက်´´
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။
``သေချင်တဲ့ကျား၊ တောပြောင်း´´
မြန်သည်ဟုပြော၍ OOREDOO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။
``အုတ်ရောရော ကျောက်ရောရော´´
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။
``အရေးကြီးတော့ သွေးနီးရာ´´
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။
``အငိုလွယ်လျက် အရှိုက်ခက်သည်´´
Download လွယ်သလောက် Upload ခက်သည်။
``အရူးမီးဝိုင်းသလို´´
Facebook , Viber, MyChat,Line,WeChay,Beetalk တို့မှ 20 ဦး ခန့် ကိုတပြိုင်တည်းပြောခြင်း။
``အကြံတူရန်သူ´´
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။
``အနာပေါ်တုတ်ကျသည်´´
စက်hang နေချိန် message များစုပြုံဝင်ရောက်လာခြင်း
Tuesday, January 12, 2016
သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်မည့် နည်းလမ်းများ
ဝါကျွတ်ကာလ ရောက်ပြီးမို့ မင်္ဂလာ ဆောင်ပြီးတဲ့သူတွေ ဝမ်းသာနေကြ သလို အကြောင်းကြောင့် ကလေး မရနိုင်တဲ့သူ တွေဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ အမှန်ပါပဲ။
ကလေးရရှိဖို့အတွက်လည်း ဖန်ပြွန် သန္ဓေသားနည်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ကလေး ရရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေးရရှိဖို့ ကြိုးစား နိုင်အောင် နည်းလမ်း ကောင်းလေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
ကလေး လိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အတူတူ နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့ သတ်မှတ်ပါတယ်။ အနောက်နိုင်ငံတွေမှာရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးမအောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန် ရရှိနိုင်ဖို့ လင်မယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။
(၁) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းကလေး ရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရောဂါရဲ့ အခြေအနေ တွေနဲ့ မိမိ အသုံးပြုနေတဲ့ ဆေးဝါး တွေပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးမှု ပြုလုပ် ရပါမယ်။
(၂) မမျိုးဥကြွေချိန်ကိုသိရှိခြင်းသဘာဝ နည်းလမ်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ အမျိုးသမီး တစ်ယောက် အနေနဲ့ ဓမ္မတာ စက်ဝန်း အကြောင်းကို နားလည်ပြီး မျိုးဥကြွေတဲ့ အချိန်ကို သိရှိဖို့ အလွန် အရေးကြီးပါတယ်။ မမျိုးဥ ကြွေတာဟာ ပုံမှန်အားဖြင့် ဓမ္မတာ စတင် ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ရက် မြောက်နေ့မှာ ဖြစ်လေ့ရှိတာမို့ ဇနီးမောင်နှံ အနေနဲ့ ဓမ္မတာ စတင် ပေါ်ပေါက်တဲ့နေ့မှ ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှု ပြုလုပ်ရင် သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက် ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနား တတ်တာမို့ မမျိုးဥကြွေချိန်ကိုတိတိကျကျ တွက်ချက်နိုင်ဖို့ မမျိုးဥ ကြွေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အောက်ပါ လက္ခဏာ တွေကိုလည်း သိထား သင့်ပါတယ်။
၁။ ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာတဲ့ နေ့ရက်ကို မှတ်သားထားပါ။ ဒီလို ပြုလုပ်တာကြောင့် ကလေး ရရှိနိုင်ဖို့ လိင် ဆက်ဆံမှု ပြုလုပ်သင့်တဲ့ အကောင်းဆုံး ရက်ကို ရွေးချယ် နိုင်မှာပါ။
၂။မိန်းမကိုယ်မှ ဆင်းလာတဲ့ အဖြူရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာအဖြူရည်ဟာ ပျစ်ချွဲချွဲ မဟုတ်ဘဲ အကြည်ရောင် ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်း တတ်ပါတယ်။
၃။မိန်းမကိုယ် အတွင်းကို စမ်းသပ် ကြည့်ပါ။ မမျိုးဥကြွေချိန်မှာသားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ ပျောင်းပြီး ကျယ်နေတတ်ပါတယ်။
၎။ဝမ်းဗိုက် အောက်ပိုင်းမှာ ရုတ်တရက် စူးပြီး အောင့်တတ်ပါတယ်။ ဝမ်းဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ သွေးအနည်းငယ် စွန်းနေတာဟာ မမျိုးဥကြွေတဲ့ လက္ခဏာပါ။
၅။ခေါင်းကိုက်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ တွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာ တွေပါ။
(၃) Sex အရည်အသွေး ကောင်းမွန်ခြင်းSex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီ ဆင်းလာတာဟာလည်း ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါတယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီ ပေးနိုင်လို့ပါ။ ဒါကြောင့် စိတ်ကျေနပ်မှု ရအောင် အချိန်ပေးပြီး Sex ကိစ္စ ပြုလုပ် ရပါမယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နားလည်ရပါမယ်။ လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန် အနေအထား (ဥပမာ အမျိုးသမီးက အပေါ်ရောက်နေတာမျိုး) မပြုလုပ် ရပါဘူး။ အမျိုး သမီးက အိပ်လျက် အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံး ခုထားတာဟာ သုက်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။
(၄) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်းသားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွားဖို့ Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေအထား မှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။ လိင်ဆက်ဆံမှု ပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ်ပြီး မိနစ် ၃၀ အတွင်း အိမ်သာကို မသွားဖို့လည်း အရေးကြီးပါတယ်။
(၅) ကပ်ပယ်အိတ်ကို အေးအောင်ထားခြင်းကလေးရနိုင်ဖို့ အမျိုးသား အနေနဲ့လည်း မိမိရဲ့ သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။အတွင်းခံ ဘောင်းဘီ ကျပ်ကျပ် ဝတ်မယ့်အစား လေဝင် လေထွက် ကောင်းမွန်နိုင်တဲ့ Boxerဘောင်းဘီ တွေကို ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အဲဒီ ဘောင်းဘီ တွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန် လွန်ကဲမှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး အရေအတွက် ပုံမှန်ထွက်ရှိအောင်အမျိုးသား တစ်ယောက်အနေနဲ့ သုံးရက်တစ်ကြိမ် သုက်လွှတ်သင့်ပါတယ်။
(၆) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်းအမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှု ပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆေးလိပ် ဖြတ်ပါ။ အရက် မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော် ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့ ဆေးသကြားတွေကို ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို အနှောင့်အယှက်ပေးပြီး သိုင်းရွိုက် အကျိတ်ရဲ့ လုပ်ငန်း ဆောင်တာကို ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့် ပါတယ်။ သင်စားတဲ့ အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး အာဟာရ တန်ဖိုးနည်းတဲ့ အစားအစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။ တချို့ လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့ ကိုလက်စထရောများတဲ့ အစာတွေကို ရှောင်ခိုင်း တတ်ကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရော အသင့်အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့ လိင်ဟော်မုန်း ထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုအတွက် လိုအပ်ပါတယ်။
(၇) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်းကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှု နည်းပါးတဲ့ ဘဝကို ရရှိဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန် ရရှိတာဟာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိပေမယ့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ်တွေ အားနည်း သွားတဲ့အတွက် ခန္ဓာကိုယ် လုပ်ငန်းတွေလည်း လျော့ကျ သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥ ထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက် ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှု များလွန်းနေရင် ဓမ္မတာ စက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊ ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced Anovulation လို့ ခေါ်ပါတယ်။
Credit :မြ၀တီ
Sunday, January 3, 2016
သူဌေးနဲ့ သာမန်လူ တွေးခေါ်ပုံ ဘယ်လိုကွာလဲ
၁။ သာမန် လူတွေက ပိုက်ဆံ စုဖို့ပဲ စဉ်းစားတယ်၊ သူဌေးတွေ ကတော့ ပိုက်ဆံ ဘယ်လို ၀င်အောင်လုပ်မလဲ ဆိုတာ ကိုပဲ စဉ်းစားကြတယ်။
ကျွန်တော်တို့ ကို ငယ်ငယ်လေးကတည်း က ပိုက်ဆံ စုဖို့သင်ပေးကြပါတယ်။ သင်ဟာ တစ်လ ကို ၅ သိန်းရ တယ် ဆိုပါတော့၊ လတိုင်း ၁၀ ရာခိုင်နှုန်း စုရင် တစ်နှစ်ပြည့်ရင် ၆ သိန်း ပဲ စုမိ မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်တော့မှ သူဌေးဖြစ်မှာ မဟုတ်ပါဘူး။
သူဌေးတွေ ဟာ စုတော့ စုပါတယ်၊ ဒါပေမဲ့ ရလာတဲ့ ပိုက်ဆံကို တိုးပွားအောင် အရင်လုပ်ပါတယ်။
၂။ လုပ်ငန်းသစ် တစ်ခု တည်ထောင်တော့မယ် ဆိုရင် လူတွေက ရှုံးမယ်၊ မအောင်မြင်နိုင်ဘူး လို့ မြင်ကြ တယ်၊ သူဌေးတွေ ကတော့ အောင်မြင်မယ့် လမ်းစ လို့ မြင်ကြပါတယ်။ လူတွေ ဟာ ၀င်ငွေ နဲ့ ပတ်သက် လာ ရင် ရိုးရိုး တန်း တန်း စဉ်းစားကြပါတယ်။ အလုပ် အချိန်ပို လုပ်ရင် လစာ ပိုရမယ်၊ ရာထူး တိုးရင် လစာ တိုး မယ် လို့ပဲ တွေးပါတယ်။
ပညာကောင်းကောင်းတတ် တဲ့ မန်နေဂျာ တွေတောင် လစာ တိုး အောင် MBA တက်ရမယ် လို့ပဲ တွေး ပါတယ်။
သူဌေးတွေ ဟာ တခြား လူတွေ ရဲ့အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း အသစ်တွေကို ရှာဖွေ ပါ တယ်၊ ဒီလို နည်းလမ်း အသစ်တွေ အကြံဥာဏ် အသစ်တွေ ကပဲ ပိုက်ဆံ ၀င်တာဖြစ်ပါတယ်။
၃။ သူဌေးတွေ ဟာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမှာ ကို မကြောက်ကြပါဘူး။ ရင်းနှီးမြှုပ်နှံမှု လုပ်ရာ မှာ ငွေဆုံးမှာ ကို ကြောက်စရာ မလိုပါဘူး၊ ရင်းနှီးမြှုပ်နှံ မှုတွေကမှသာ အခွင့်အလမ်းကောင်းတွေ နဲ့ လုပ်ပိုင်ခွင့် အသစ်တွေ ရရှိလာ မှာဖြစ်ပါတယ်။
၎။သူဌေးတွေ ဟာ ပန်းတိုင်တွေ ကို တိတိကျကျ ချမှတ်လေ့ ရှိပါတယ်။ သူဌေး တွေဟာ သူတို့ လုပ်ငန်း အောင်မြင် မှု နဲ့ ငွေဝင်ဖို့ကိုပဲ အဓိက အာရုံစိုက်ပါ တယ်။ သူတို့ဟာ သူတို့ ချမှတ် ထားတဲ့ ပန်းတိုင်တွေ ကို အလွယ်လမ်း က မလိုက် ဘဲနဲ့ သေသေချာချာ အာရုံ စူးစိုက်လေ့ရှိပါတယ်။
၅။ သာမန် လူတွေက သူဌေးတွေလိုနေကြတယ်၊ သူဌေးတွေ က သာမန်သူ တွေလိုနေကြ တယ်။ Donald Trump( တရမ့် လုပ်ငန်းစု ဥက္ကဋ္ဌ) နဲ့ Richard Branson(ဗာဂျင် လုပ်ငန်းစု ပိုင်ရှင်) တို့လို သူဌေးတွေ ဟာ ကိုယ်ပိုင်ဂျက် လေယာဉ်တွေ နဲ့ ကမ္ဘာပတ်နေကြပေမယ့် ချမ်းသာဝကြွယ်ဝ တဲ့ လူအများစု ကတော့ သာမန် လိုပဲနေကြပြီးတော့ ဇိမ်ခံကားတွေ၊ စံအိမ်ကြီးတွေ နဲ့ မနေကြပါဘူး။
ကန်းထရီး အဆိုတော် Naomi Judd နဲ့ အင်တာဗျူး တဲ့ အခါမှာ သူဟာဈေးကြီး တဲ့ အ၀တ် အစားတွေ၊ လက်ဝတ် ရတနာတွေ ၀ယ်လေ့ မရှိပါဘူးလို့ ပြောပါ တယ်၊ သူ အခုလို ချမ်းသာကြွယ်ဝ လာတာဟာ ပိုက်ဆံ ကို မလိုဘဲ မသုံးလို့ ပါတဲ့။
Siebold ဆိုသူဟာ ချမ်းသာကြွယ်ဝသူ အယောက် ၃၀ ကျော် ကို အင်တာဗျူး ကြည့်တဲ့ အခါမှာ သူတို့ဖြေတဲ့ အဖြေတွေ မှာ တူညီတဲ့ အချက်တွေ ရှိပါတယ်တဲ့။
အဲဒါ ကတော့ သူတို့ဟာ သူများ လက်အောက်မှာ အလုပ် မလုပ်ချင်ကြ ဘဲနဲ့ လွတ်လပ်စွာ လုပ်ကိုင်ချင်ကြ ပါတယ်တဲ့။
ဒီလို လွတ်လပ်ချင်စိတ်ကပဲ ကိုယ် ပိုင် စီးပွားရေး လုပ်ငန်းတွေ တည်ထောင်ပြီး အောင်မြင်စေဖို့ တွန်းအားဖြစ် စေပါတယ်။
ဗဟုသုတ
More Interesting Articles ;
https://web.facebook.com/shweaeimsiyouth/?fref=nf
လူငယ်မေးဖြေမှတင်ပြီးသမျှပိုစ့်များရှာလိုပါက >>>
https://web.facebook.com/shweaeimsiyouth/photos/a.1519656918289689.1073741827.1519654874956560/1631450903776956/?type=3

Saturday, January 2, 2016
"ဥပဒေမဲ့ Without ကား စီးမလား၊ ကျောက်ခေတ်ကို ပြန်သွားမလား"
မဇ္ဈိမ အတွေးအမြင်ဆောင်းပါး
ထိုင်းနိုင်ငံထုတ် ဆူပါကာစတန် ( Pick Up) ကားများအား ထိုင်းနိုင်ငံမှာ ရေကြောင်းခရီးဖြင့် ကွန်တိန်နာနှင့် တင်ပို့သည်ကို ရန်ကုန်မြို့ အေးရှားဝေါ ဆိပ်ကမ်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ
အခုရက်ပိုင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ကိစ္စ တစ်ခု ကတော့ ထိုင်းဘက်ကနေ သွင်းလာတဲ့ လိုင်စင်မဲ့ Without ကား ပြသနာပါ။ ကရင်ပြည်နယ် ဘက်မှာ တော့ လာမယ့် ဇန်န၀ါရီ ၁၆ ရက်နေ့ကစ ဖမ်းမယ် ဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး မွန်ပြည် နယ်ဘက်မှာလည်း အလားတူ ဖမ်းဆီးမယ် ဆိုတဲ့အကြောင်း သက်ဆိုင်ရာက ကြေငြာထားပါတယ်။
ဒီအတွက်လည်း Without ကားပိုင်ဆိုင်သူတွေဟာ ကားတွေကို လက်လွှဲရောင်းတာ၊ တစ်ချို့ ကျေးရွာ တွေဆီ ပို့ထားတာ၊ တစ်ချို့လည်း ဘုန်းကြီးကျောင်းလို နေရာမျိုးမှာ သွားအပ်တာ လုပ်ကြပါတယ်။ ဒီလို အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၄ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဓိပ္ပါယ်မဲ့တဲ့ ဒီ Without ကား ပြဿနာ ခုထိ မပြေလည်သေးဘူးလားဆိုတာ ဒီကနေ့ ဆွေးနွေးပြသွားပါ့မယ်။
လက်ရှိ မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က Without ကား ပြဿနာတွေ မပြောခင် အရင် စစ်အာဏာရှင် ခေတ်တုန်းက Without ကားပြဿနာကို အရင် ရှင်းပြပါ့မယ်။ အားလုံးသိကြပြီ ဖြစ်တဲ့ အတိုင်း ၁၉၈၈ မှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပြီး အဲဒီအချိန်က မဆလ တစ်ပါတီ အာဏာရှင် ဦးနေဝင်းဟာ စစ်တပ်ကို အာဏာလွှဲပေးခဲ့ပါတယ်။ အဲဒီ အချိန် တက်လာတဲ့ စစ်အစိုးရဟာ တိုင်းပြည်ကို ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးမယ်၊ တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။
အစောပိုင်းကာလ တွေမှာတော့ ပြည်ပကနေ ကားတင်သွင်းခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်းမှာ လက်ကျာကပ်မောင်းစနစ် ကျင့်သုံးနေပေမယ့် လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်း ဂျပန်တစ်ပါတ်ရစ် ကားတွေကိုပါ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကားတင်သွင်းခွင့်ပေးခဲ့လို့ ပြည်သူ တွေအနေနဲ့ ကားတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်ရုံမက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ တရုတ်နိုင်ငံဘက်ကိုတောင် ဂျပန် တစ်ပါတ်ရစ်ကားတွေကို ခိုးပြီး တင်သွင်းတဲ့ အဆင့်ထိ ရောက်ခဲ့ ပါတယ်။ တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ လက်ကျာကပ်မောင်း လမ်းစနစ် တူတာမို့ ညာဂိုင်း ဂျပန်တစ် ပါတ်ရစ်ကားတွေကို ဒီအတိုင်း ရောင်းစားလို့တော့ မရပါဘူး။ ဂျပန်တစ်ပါတ်ရစ် ညာဂိုင်းကားတွေကို မန္တလေးမှာ ဘယ်ဂိုင်းကားတွေအဖြစ်ပြောင်း၊ ပြီးမှ တရုတ်ပြည်၊ ယူနန်ပြည်နယ်မှာ သွားရောင်းကြ တာပါ။
နောက်ပိုင်း စစ်အစိုးရဟာ ပြည်ပကနေ ကားတင်သွင်းခွင့် ပိတ်ပင်ပါတယ်။ ပြည်တွင်းမှာ ကားထုတ်လုပ်ကြဖို့ နှိုးဆော်တဲ့အတွက် ဘော်ဒီလောက် ထုတတ်သူတွေက ကားထုတ်တဲ့ အလုပ် ရုံတွေ ထောင်ကြပါတယ်။ တစ်ချို့က ကလေးကစားစရာ သာသာကားတွေ ထုတ်လုပ်ပြီး တစ်ချို့က တော့ ခိုးသွင်းလာတဲ့ကားတွေကို အကြံအဖန်လုပ်၊ စက်မှုဇုံထုတ် ကားတွေအဖြစ် ရောင်းစားကြပါ တယ်။ အဲလိုအချိန် ၁၉၉၄ ပတ်ဝန်းကျင်လောက် အရောက်မှာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အဖွဲ့တစ်ချို့ကလွဲရင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အတော်များများ အစိုးရနဲ့ အပစ်ရပ်စာချုပ်ချုပ် ငြိမ်းချမ်းရေး ယူပြီးခဲ့ပါပြီ။
အဲဒီအဖွဲ့တွေ မြို့ပေါ်ရောက်လာပေမယ့် မြို့ပေါ်က ကားဈေးနှုန်းနဲ့ မှတ်ပုံတင်ပြီးသား ကားကို မသုံးနိုင်ကြပါဘူး။ ဒီကိစ္စ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ကို တင်ပြတဲ့အခါ ထောက်လှမ်းရေးက လက်နက်ကိုင် အဖွဲ့အစည်းတွေ သုံးတဲ့ Without ကားတွေကို နားလည်မှုနဲ့ တစ်ချို့ကို ထောက်ခံစာနဲ့ ခွင့်ပြုပေးပါတယ်။ နောက်ပိုင်း လက်နက်ကိုင် အဖွဲ့အစည်း တွေကိုယ်တိုင် Without ကားတွေသွင်း၊ သူတို့ဖာသာ သူတို့ လုပ်ထားတဲ့ ထောက်ခံစာတွေနဲ့ မြို့ပေါ် အထိ တက်သုံးလာကြပါတယ်။
ဒီလိုနဲ့ နောက်ပိုင်း နယ်စပ်ကနေ ဈေးသက်သက်သာသာနဲ့ ဝင်လာတဲ့ Without ကားတွေကို စစ်အရာရှိတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေကလည်း သုံးလာကြပါတယ်။ နောက်ပိုင်း မြို့ပေါ်မှာ အဆင့်ဆင့်ရောင်းဝယ်ကြရင်း ဈေးကွက်တစ်ခုဖြစ်လာ၊ တစ်နိုင်ငံလုံး ပျံ့နှံ့လာပါတယ်။ အဲဒီအချိန်က စစ်အစိုးရဟာ အဲလိုပဲ တရားမဝင် သွင်းလာတဲ့ Without ဆိုင်ကယ်တွေကို မကြာခဏ တရားဝင် လိုင်စင် ပြန်ပြန် လုပ်ပေးနေလေတော့ Without ကားတွေကိုလည်း တစ်နေ့နေ့ လိုင်စင် လုပ်ပေးလိမ့် မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ စစ်အစိုးရဟာ ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ကို ခြေမှုန်းလိုက်တာနဲ့အတူ ထောက်လှမ်းရေးနဲ့ အတူ ပေါ်ပေါက်လာတဲ့ Without ကားတွေ ကိုလည်း ဖမ်းဆီး အရေးယူဖို့ လုပ်ပါတော့တယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကတော့ သူတို့ သုံးနေတဲ့ Without ကားတွေကို အသိမ်းမခံပါဘူး။ သူတို့နယ်မြေထဲ ပြန်မောင်းသွားကြသလို အဲဒီကိစ္စနဲ့ ပတ်သက်လို့ စစ်အစိုးရနဲ့လည်း တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ မြို့ပေါ်မှာ ရှိနေတဲ့ ဘုန်းတော်ကြီးတွေနဲ့ အများပြည်သူ လက်ထဲရောက်နေတဲ့ Without ကားတွေကိုတော့ သက်ဆိုင်ရာ သွားအပ်ကြဖို့၊ မအပ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ့်အကြောင်း နည်းမျိုးစုံနဲ့ ကြေငြာချက် ထုတ်ပြီးနောက် Without ကားတွေ အားလုံးကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးက သိမ်းခဲ့တဲ့ ကား အစီးရေ တစ်သောင်းခွဲကျော်ရှိတယ်လို့ သိရပြီး အားလုံးကို စစ်တပ်နဲ့ ဝန်ကြီးဌာနတွေ က ခွဲဝေယူလိုက်ကြပါတယ်။ တစ်ချို့ကို လေလံတင်ရောင်းချပါတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူ တွေလက်ထဲ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ ကားတွေကို ဓားပြတိုက်ယူလိုက်တဲ့ သဘောပါပဲ။ အဲဒီနောက်ပိုင်းမှာလည်း အစိုးရဟာ ကားတင်သွင်းခွင့်ပြသနာကို ကောင်းကောင်း ဖြေရှင်းပေးတာ တော့ မဟုတ်ပါဘူး။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာတော့ ကားတင်သွင်းခွင့် နည်းနည်း ဖွင့်ပေးလိုက် ပါတယ်။ ကားစီးဖို့ ငတ်မွတ်နေကြတဲ့ မြို့နေလူတန်းစား အများအပြားဟာ သိန်း ၁၀၀ ၀န်းကျင် လောက်တန် တဲ့ အင်ဂျင်ပါဝါနိမ့် ကားတွေဝယ်စီးကြရင်း ရန်ကုန်မှာ ကားကြပ်တဲ့ ပြဿနာပေါ်ပါ တယ်။ ဒါပေမယ့် တကယ့်လက်တွေ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် အစရှိုတဲ့ နေရာတွေမှာတော့ ကားက ရှားနေဆဲပါ။ ပြည်သူတွေ အသုံးပြုရင် သင့်တော်မယ့် ပစ်ကပ်လို ကားမျိုးတစ်စီး ကျပ်သိန်း ၁၅၀ နဲ့ ၂၀၀ အကြား ဘယ်သူမှ ၀ယ်မစီးနိုင် ကြပါဘူး။ ဒီအတွက် နယ်စပ်ဧရိယာတွေမှာ ထိုင်းဘက်ခြမ်းက လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ တစ်စီး ကျပ်သိန်း ၂၀ ပတ်ခြာလည် ပဲပေးရတဲ့ ဂျပန်တစ်ပါတ်ရစ် ကားတွေကိုပဲ လွယ်လွယ် သုံးလိုက်ကြပါ တယ်။ အဲဒီ ဧရိယာက လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း Without ကားတွေချည်း သုံးတာပါပဲ။
တကယ်တော့ အစိုးရအနေနဲ့ ဆင်းရဲတဲ့ ပြည်နယ်တွေမှာ ပြည်သူတွေဟာ ဘာကြောင့် Without ကား သုံးသလဲ အဖြေရှာဖို့ လိုပါတယ်။ ကားတင်သွင်းခွင့် ပေါ်လစီ ချမှတ်ရာမှာ၊ အခွန် ကောက်ခံရာမှာ ရန်ကုန် တစ်ခုတည်းကို မကြည့်ပဲ တစ်ပြည်လုံးကို ကြည့်ဖို့ လိုပါတယ်။ အခု အစိုးရရဲ့ မှားယွင်းနေတဲ့ ကားတင်သွင်းမှု ပေါ်လစီကြောင့် ကားဈေးတွေဟာ နဂိုကထက် မြင့်တက်နေတာ လူတိုင်းအသိပါ။ ဒီကြားထဲ နယ်တွေမှာ Without ကား နှိမ်နင်းဖို့ လုပ်တာဟာ ချိန်ကိုက် လုပ်သလား လို့တောင် ယူဆ ရပါတယ်။ အဲဒီမှာ Without ကားတွေ ဖမ်းလိုက်ရင် ဆင်းရဲသား ပြည်သူတွေဟာ မှတ်ပုံတင်ထားတဲ့ ဈေးအလွန်ကြီးမြင့်တဲ့ ကားတွေကို ဝယ်စီးလာကြမှာတော့ မဟုတ်ပါဘူး။ ဥပဒေကို မလိုက်နာပဲ Without ကားကို ခိုးကြောင်ခိုးဝှက် ဆက်စီးရင်စီး၊ မစီးရင် ကျောက်ခေတ်သာသာ ဘဝမျိုးနဲ့ ဆက်နေရဖို့ပဲ ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit to စည်သူအောင်မြင့်

Subscribe to:
Comments (Atom)