Wednesday, January 13, 2016

IT ​ခေါတ်​ မြန်​မာစကားပုံ ဖွင့်​ဆိုချက်​များ


``ကျားနေမြဲ ပိုနေမြဲ´´
Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။

``ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်´´
Connection မကောင်းလျက်နဲ့ Facebook/Youtube ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။

``ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း´´
Connection ကောင်းရာ လိုင်း ကိုပြောင်းသုံးသည်။(Mpt,Mec,Ooredoo,Telenor)

``ဂါထာပေး တေးဖြစ်´´
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။

``ငါးစိမ်းမြင် ငါးကင်ပစ်´´
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX , MPT, OOERDOO, TELENOR စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။

``စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ´´ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Pageဆင့်ပါးစပ် နှမ်းပက်ဆင့်ပါးစပ် = Internet Usersနှမ်း = Internet Bandwidth

``ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး´´
မိုးခြိမ်းသဖြင့် / ငလျင်လှုပ်သဖြင့် ​​​အင်တာနက်လိုင်းကျသွားသည်.... :D

``တစ်ခါသေဖူး ပျဉ်ဖိုးနားလည်´´
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်

``တစ်ရွာ တစ်ကျီဆောက်သည်´´
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်

``ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်´´
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။

``ဒူးလောက်တင်မှ ရင်လောက်ကျသည်´´
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။

``နဂိုရှိမှ နကိုင်းထွက်သည်´´
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။

``ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)´´
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။

``ပျက်အစဉ် ပြင်ခဏ´´
MPT (ဟိုနှစ်​က ဂျပန်​နဲ့ ​ပေါင်းပြီး ​ရှေ့သို့လှမ်းချီ လိုက်​​တော့ အင်တာနက် အသင့်တင့်​​ကောင်းလာသည်)

``ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်´´
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...

``ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ´´
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။

``ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း´´
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။

``မမှားသောရှေ့နေ၊ မသေသောဆေးသမား´´
မကျဖူးသော ကွန်နက်ရှင်လိုင်း....

``မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်´´
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။

``ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ´´
ပန်းသီးတံဆိပ်​ mobile ပစ္စည်း များ

``လင်းတလောက်တော့ ငှက်တိုင်းလှသည်´´
လင်းတ = မြန်မာပြည် ကွန်နက်ရှင်

``လယ်ထွန်သွား နွားမေ့´´
အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။

``လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)´´
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)

``ဝက်ဖြစ်မှ မစင်မကြောက်နှင့်´´
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။

``သန်းခေါင်ထက် ညဥ့်တိုးမနက်´´
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။

``သေချင်တဲ့ကျား၊ တောပြောင်း´´
မြန်သည်ဟုပြော၍ OOREDOO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။

``အုတ်ရောရော ကျောက်ရောရော´´
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။

``အရေးကြီးတော့ သွေးနီးရာ´´
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။

``အငိုလွယ်လျက် အရှိုက်ခက်သည်´´
Download လွယ်သလောက် Upload ခက်သည်။

``အရူးမီးဝိုင်းသလို´´
Facebook , Viber, MyChat,Line,WeChay,Beetalk တို့မှ 20 ဦး ခန့် ကိုတပြိုင်တည်း​​​ပြောခြင်း။

``အကြံတူရန်သူ´´
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။

``အနာပေါ်တုတ်ကျသည်´´
စက်​hang ​နေချိန်​ message များစုပြုံဝင်​​ရောက်​လာခြင်း

No comments:

Post a Comment