Tuesday, March 21, 2017
Monday, January 2, 2017
MAOTS-117 CADETS SETTING PLAN SINCE 2004
Monday, October 3, 2016
Sunday, September 25, 2016
Saturday, August 27, 2016
Wednesday, March 30, 2016
စက်ကြီး (၁၃)ပါး ဂါထာပါဠိ
သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃာ့စက်။
လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မှု၊
မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။
မြတ်သည့်ဆရာ ပညာတည်း။
သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊
သြောင်း - နမော ဓမ္မာ နုဘာဝေန၊
သြောင်း - နမော သံဃာ နုဘာဝေန၊
သြောင်း - ဒူရေ ဒူရေ၊ သွား ဟုံ ဟုံ။
***** *** *****
စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး
စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။
ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။ ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။
Tuesday, March 29, 2016
ရှင်ပြုအလှူများ များပြားသော ယနေ့အချိန်တွင် သာမဏေလောင်းများ သိမှတ်ရှောင်ကျဉ်သင့်သည့် ရှင်လိင်ပြန်အပ်သော သိက္ခာပုဒ် (၁၀) ပါး
ဒသဟင်္ဂေတိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော၊
ပါဏာတိပါတီ ဟောတိ၊
အဒိန္နာဒါယီ ဟောတိ၊
အဗြဟမစာရီ ဟောတိ၊
မုသာဝါဒီ ဟောတိ၊
သုရာမေရယမဇ္ဇပါယီ ဟောတိ၊
ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊
ဓမ္မဿ အဝဏ္ဏံ ဘာသတိ၊
သံဃဿ အဝဏ္ဏံ ဘာသတိ၊
မိစ္ဆာဒိဋ္ဌိကော ဟောတိ၊
ဘိက္ခုနိဒူသကော ဟောတိ၊
ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော။
-
ဒသဟိ - ဆယ်ပါးကုန်သော၊ အင်္ဂေတိ - အကြောင်းအင်္ဂါတို့နှင့်၊ သမန္နာဂတော - ပြည့်စုံသော၊ သာမဏေရော - သာမဏေကို၊ နာသေတဗ္ဗော - လိင်ပြန်စေအပ်၏၊
ပါဏာတိပါတီ - သူ့အသက်ကို သတ်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
အဒိန္နာဒါယီ - အရှင်မပေးသော ပစ္စည်းကို ခိုးယူလေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
အဗြဟမစာရီ - မမြတ်သော မေထုန်အကျင့်ကို ကျင့်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
မုသာဝါဒီ - မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
သုရာမေရယမဇ္ဇပါယီ - သေရည်သေရက် သောက်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏၊
ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊ အဝဏ္ဏံ - ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို၊ ဘာသတိ - ပြောဆို၏၊
ဓမ္မဿ - တရားတော်မြတ်၏ အဝဏ္ဏံ - ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို၊ ဘာသတိ - ပြောဆို၏၊
သံဃဿ - သံဃာတော်မြတ်၏၊ အဝဏ္ဏံ - ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို၊ ဘာသတိ - ပြောဆို၏၊
မိစ္ဆာဒိဋ္ဌိကော - မှားသောအယူရှိသည်၊ ဟောတိ - ဖြစ်၏၊
ဘိက္ခုနိဒူသကော - ဘိက္ခုနီမကို ဖျက်ဆီးသည်၊ ဟောတိ - ဖြစ်၏၊
ဒသတိ - ဆယ်ပါးကုန်သော၊ ဣမေဟိခေါအင်္ဂေဟိ - ဤအကြောင်းအင်္ဂါတို့နှင့်၊ သမန္နာဂတော - ပြည့်စုံသော၊ သာမဏေရော - သာမဏေကို၊ နာသေတဗ္ဗော - လိင်ပြန်စေအပ်၏။
-
အောက်ပါ ဆယ်ပါးသော သိက္ခာပုဒ်တို့ကို ကျူးလွန်ဖောက်ဖျက်သော ရှင်သာမဏေသည် ရှင်လိင်ပြန်စေအပ်၏။
၁။ သူ့အသက်ကို သတ်ခြင်း
၂။ အရှင်မပေးသော ပစ္စည်းကို ခိုးခြင်း
၃။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း
၎။ အကျိုး ထိခိုက်အောင် လိမ်လည်ပြောဆိုခြင်း
၅။ သေရည်သေရက် သောက်ခြင်း
၆။ ဘုရားကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း
၇။ တရားကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း
၈။ သံဃာကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း
၉။ ဘာသာအယူလွဲခြင်း
၁၀။ ရဟန်းမိန်းမကို ဖျက်ဆီးခြင်း
Monday, March 28, 2016
ရခိုင်ရိုးရာ ရှင်(သျှင်) ပြုဓလေ့ နှင့် ရခိုင်လူမျိုးတို့၏ ရှင် (သျှင်)ပြုမင်္ဂလာ
ဘုရားရှင်လက်ထက်ကပင်
ရှင်ပြုခွင့်ရရှိလာသည်မှစ၍ ရှင်ပြုဓလေ့သည်
ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကုသိုလ်တော်
ပွဲထူးပွဲမြတ်တစ်ခု ဖြစ်လာသည်။
မိဘများလည်း သာသနာအမွေပေးရာ ၊
ခံရာရောက်၍ မြင့်မြတ်သည်ဟု
ယုံကြည်ကြသည်။
ရခိုင်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ
ဖြစ်ကြသည့်အလျောက် မိမိတို့၏
သားရတနာများကို သာသနာဘောက်သို့
သွတ်သွင်းချီးမြှင့်သည့်
သျှင်ပြုမင်္ဂလာအခမ်းအနားကို တခမ်းတနား
ကျင့်ပလေ့ရှိကြသည်။ မိဘများသည် သားရတနာထွန်းကားလာသည့်အခါ
သာသနာ့အမွေကို ဆက်ခံရမည့်သူအဖြစ်
စိတ်နှလုံးဝမ်းမြှောက်ကာ တစ်နေ့တွင်
သျှင်ပြုရမည်ကို မျှော်မှန်းလျှက် လိုအပ်ငွေများကို
စုဆောင်းတတ်ကြသည်။ ဤသည်မှာ
သားယောင်္ကျားမွေးသည့် မိဘတိုင်း၏
ယုံကြည်ချက်ပင်ဖြစ်လေသည်။
သျှင်ကျင့်ကို ထိန်းနေသည့်အရွယ်တွင်
သျှင်ပြုကြသည်။ သျှင်ပြုမင်္ဂလာမတိုင်မီ လိုအပ်သော ပရိက္ခရာ သင်္ကန်းများ၊ ကျွေးမွေး ဧခံရန်လိုအပ်ချက်များကို ၀ယ်ယူစုဆောင်းကြသည်။
ငွေကြေးတတ်နိုင်သူတို့မှာ တတ်နိုင်သလောက်
အလှူပစ္စည်းများကို ၀ယ်ကြသည်။
သျှင်ပြုပွဲမတိုင်မီ ရက်သတ္တ(၂)ပတ် အလိုတွင်
သျှင်လောင်းများအား ပုတီးစိပ်နှင့် သျှင်ကျင့်ဝတ်များကို
သင်ယူနိုင်ရန် ဆိုင်ရာ ဘုန်းတော်ကြီး
ကျောင်းသို့ စေလွှတ်အပ်နှံကြသည်။
ဆွေမျိုး မိတ်သင်္ဂဟများနှင့် ရပ်ကွက်၊
ကျေးရွာသားများအားလည်း
ဖိတ်ကြားကြရသည်။ ထို့နောက် အိမ်ရှေ့တွင် အလှူ မဏ္ဍပ်ကို ဆောက်လုပ်ရလေသည်။
သျှင်ပြုပွဲမတိုင်မီ (၃)ရက်ခန့်အလိုတွင်
အိမ်ထောင်ရှင် အမျိုးသမီးကြီးများသည် ကွမ်းထောင်၊ ပန်းထောင်များ စုပေါင်းပြုလုပ်ကြသည်။
တစ်ရက်အလိုတွင် သျှင်လောင်းလှ့ည်ပြီး
သျှင်လောင်းလှည့်ပွဲတွင် အဓိက သျှင်လောင်းနှင့် နေ့နံသင့်အမျိုးသမီးများအား ပရိတ်အို ရွက်လျှက်
ရှေ့ဆုံးမှ စီတန်းသွားစေသည်။
သျှင်လောင်း၏ မိခင်က သင်္ကန်းကိုခေါင်းတွင်ရွက်၍
ဖျာလိပ်၊ ခေါင်းအုံး ၊ ပန်းထောင် ၊ အလှူပစ္စည်း
စသည်များကို အမျိုးသမီးများရွက်၍
စီတန်းသွားကြရသည်။ သျှင်လောင်း၏
ဖခင်သည် သင်္ကန်းမှအပ ပရိက္ခရာများကို လွယ်လျှက်သွားရသည်။
သျှင်လောင်းကို ဆင် မြင်းများအပေါ်တွင်တင်၍
လည်းကောင်း၊ ထမ်းစင်ပေါ်တွင် တင်၍
လည်းကောင်း၊ နေ့သင့်နံသင့်သည့်
ကာလသားများက ခြံရံကာ သျှင်လောင်းကို
ရွှေထီးမိုးပြီး စီတန်းလိုက်ပါရသည်။
နောက်တွင် မင်္ဂလာပန်းတျင်းတီးပြီး
သျွှန်းလိုက်ရတုများကို ရွက်ဆို
လိုက်ပါလေ့ရှိကြသည်။
သျှင်ပြုသည့်နေ နံနက်စောစောတွင်
သျှင်လောင်းအား မင်္ဂလာမြှောက်ရသည်။
နေ့နံသင့်သူများကို သျှင်လောင်း၏ အခြံအရံများ
အဖြစ်ရွေးချယ်ကာ လာရောက်ကြသည်။
ဆရာတော်ကြီးက သီလချီးမြှင့်၍
အန္တရာယ်ကင်း ပရိတ်တရားတော်များကို
ရွတ်ဖတ်ကြသည်။
သျှင်လောင်း၏ မိဘများမှ
ညနေ့သျှင်လောင်းလှည့်ချိန်ကပင် ဥပုသ်
ဆောက်တည်နေကြသည်။
မင်္ဂလာမြှောက်ပြီးနောက်
ဘုန်းတော်ကြီးကျောင်းသို့ သွားကြရသည်။
ဘုန်းတော်ကြီးက သျှင်လောင်းအား
သင်္ကန်းကပ်၊ သင်္ကန်းတောင်းများကို ပြုလုပ်သည်။
ထိုသို့ ပြုလုပ်နေစဉ် ကာလသားများက
ကျောင်းအောက်ထပ်တွင် ဗုံကျယ်ကျယ်လောင်လောင်တီးကာ
အနှောင့်အယှက်ပေးကြသည်။
သျှင်လောင်းမိဘများထံမှ ဆုချီးမြှင့်ငွေကို
ရလို၍ ဖြစ်သည်။
၎င်းကို မာန်နတ်မှောင့်သည်ဟု ခေါ်ဆိုလေ့
ရှိကြသည်။
သျှင်လောင်းအား ခေါင်းရိတ်သည့်အခါ
မိဘဆွေမျိုးများက ပိတ်ဖြူစင်ကြယ်ဖြင့်
ဆံပင်များကို မြေကြီးသို့မကျစေရန်
ခံယူကြသည်။
ခေါင်းရိတ် ရေချိုးသန့်စင်ပြီးသောအခါ
ကာလသားများ သျှင်လောင်းအား
ရွတ်ချီ၍ ဆရာတော်ကြီးထံ
အရောက်ပို့ပေးကြသည်။ ဆရာတော်က
(၁၀)ပါးသီလ ချီးမြှင့်ပြီး သာမဏေဘောင်သို့
သွင်းလျှက် လူအမည်ကိုဖျောက်ကာ
သျှင်သာမဏေဘွဲ့ကို ချီးမြှင့်ပေးလေသည်။
ဓာတ်ပုံ ➳ အခင်နိုင်နိုင်(အမျိုးသားရီး)
ထုတ်နုတ်ချက် ။ ။
အသျှင်စက္ကိန္ဒ၏
(ရခိုင်ယဉ်ကျေးမူများ အမှတ် ၈)၊နှင့်
အခင်ဦးရွှေဇံပြုစုသော
(ရခိုင်သမိုင်းအလင်းပြကျမ်း) မှ
ထုတ်နုတ်ဖော်ပြပီးပါသည်။
Nhuun KabyarNwe
(ဓညဝတီ)
Thursday, March 17, 2016
သမ္မတ အသစ် က တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီးဌာန (၂၁)ဌာန
၁။ ပြည်ထဲရေးဝန်ကြီးဌာန
၂။ ကာကွယ်ရေးဝန်ကြီးဌာန
၃။ နယ်စပ်ရေးရာဝန်ကြီးဌာန
၎။နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ပြန်ကြားရေးဝန်ကြီးဌာန
၆။သမ္မတရုံးဝန်ကြီးဌာန
၇။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၈။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၉။ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာန
၁၀။သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၁၁။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၁၂။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၁၃။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
၁၄။စက်မှုဝန်ကြီးဌာန
၁၅။တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၆။စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၇။ပညာရေးဝန်ကြီးဌာန
၁၈။ကျန်းမာရေးဝန်ကြီးဌာန
၁၉။ဆောက်လုပ်ရေးဝန်ကြီးဌာန
၂၀။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၂၁။ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန..
----------------------------------------------------------
ဒီအပေါ် လေ့လာတွေ့ရှိချက်အရ..
ယခင် ၃၆ ဌာန အနက် မှ....
၉ ခုဖျက်သိမ်းခဲ့ပါတယ်...
၁၄ ခုကို ၇ ခုပေါင်းခဲ့ပါတယ်...
ဌာန အသစ်တစ်ခုအသစ်ဖွဲ့ခဲ့ပါတယ်..
-----------------------------------------------
သမ္မတရုံးဝန်ကြီးဌာန (၁ မှ ၆)အထိ
ပေါင်းပြီး သမ္မတ ရုံးဝန်ကြီးဌာန
တစ်ခုတည်းကိုသာထားရှိတော့ပြီး...
အားကစားဝန်ကြီးဌာန
သိပ္ပွံနှင့်နည်းပညာဝန်ကြီးဌာန
သမဝါယမ ဝန်ကြီးဌာန.
ရထားပို့ဆောင်ရေးဝန်ကြီးဌာန..၄ ခုကို ဖျက်သိမ်းခဲ့ပါတယ်။
---------------------------------------------------------------------
အောက်ကယခင် ဌာန ၁၄ ခုကို ပေါင်းပြီး
၇ ခုဖွဲ့စည်းခဲ့ပါတယ်..
၁။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၂။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
၃။ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာန
၎။သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
၅။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၆။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
၇။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
--------------------------------------------------------
အခု ၂၁ ဌာန ဖြင့်
ဖွဲ့စည်းသွားလိုကြောင်း..
တင်သွင်း သွားခဲ့ပါတယ်..
ဒါကို ထောက်ခံ၊ကန့်ကွက်လိုတဲ့
လွှတ်တော်ကိုယ်စားလှယ်များရှိပါက
ဒီနေ့ ညနေ မှာ..အမည်စာရင်း
တင်သွင်းကြရမှာ ဖြစ်ပြီး..
မနက်ဖြန် မှာ…
လွှတ်တော်အတွင်း ဆွေးနွေးကြမယ် လို့ဆိုပါတယ်…
Credit ... ကိုသန်းဖြိုးနိုင်
Subscribe to:
Comments (Atom)






