Thursday, November 26, 2015

အစၥလာမ္ဘာသာ၀င္မ်ား မေးထားသော မေးခွန်းဖြစ်တဲ့ နိဗ္ဗာန်အကြောင်းကို ဖြေရှင်းပြခြင်း။

မေးခွန်း ။ ။
ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘယ်မှာလဲ ပြပါ ? ဘာကို နိဗ္ဗာန်လို့ ခေါ်တာလဲ ?
ဘာမှမရှိတာကို နိဗ္ဗာန်လို့ ခေါ်တာလား ? နိဗ္ဗာန်ဆိုတာ စိတ်ကူးယာဉ်မှု တစ်ခုပါ ?

ဖြေဆိုချက် ။ ။
ကျွန်တော့်အနေနဲ့  ဘာသာခြားအစ္စလာမ်ဘာသာဝင် မွတ်စလင်သူငယ်ချင်းများ
မေးသော နိဗ္ဗာန်နှင့်ပတ်သက်တဲ့ ဖြေရှင်းမှုကို ဘာသာခြားများပါ နားလည်လွယ်အောင် ၊
ဖြေရှင်းချက် ပုံစံ ၃မျိုး နဲ့  ဥပမာများဖြင့် ဖြေရှင်းပြပေးလိုက်ပါတယ်။

ဆက်လက်၍ မရှင်းတာ နားမလည်တာများကို ထပ်မံမေးမြန်းနိုင်ပါတယ်။
ယခု ဖြေရှင်းထားသော နိဗ္ဗာန်သဘောတရားသည် ဗုဒ္ဓဘာသာဝင်အချင်းချင်း
အပြန်အလှန်နှီးနှောသော အဘိဓမ္မာအရ မဟုတ်ပါ။ အဘိဓမ္မာသဘော၊ ဘာသာရေးကို
မလေ့လာဖူးသေးသော ၊ ဘာသာခြားများအတွက်သာ နားလည်လွယ်ကူအောင် ပုံဆောင်ပြခြင်း၊
လက်တွေ့ များနှင့် ချိန်ညှိပြီး ဥပမာများဖြင့် တင်ပြထားခြင်း ဖြစ်ပါတယ်။

ပထမဆုံး အချက်တစ်ခုအနေဖြင့် နိဗ္ဗာန်ဆိုတာ တကယ်ရှိကြောင်းကို ဖော်ပြပေးလိုပါတယ်။

(က) လူ၊ နတ်၊ ဗြဟ္မာများနေထိုင်သော ၃၁ဘုံလောကကြီးအတွင်း (အနန္တစကြာဝဠာ) မှာ
(ခ) လောကမှ လွန်မြောက်မှု ဆန့်ကျင်ဘက်ဖြစ်သော လောကုတ္တရာနိဗ္ဗာန်မှာ
=================================================

(က - ၁) အိုခြင်း၊ နာခြင်း၊ သေခြင်းတရား ရှိတယ်။
(ခ - ၁) အိုခြင်း၊ နာခြင်း၊ သေခြင်းတရား လုံးဝ မရှိဘူး။

(က - ၂) ဒုက္ခနှင့် ဆင်းရဲခြင်း မျိုးစုံ ရှိတယ်။
(ခ - ၂) ဒုက္ခနှင့် ဆင်းရဲခြင်း တို့မှ ကင်းငြိမ်းသည့် တကယ့်ချမ်းသာသုခ ရှိတယ်။

(က - ၃) မည်သည့် အရာမျှ တည်မြဲခြင်း မရှိဘူး ၊ အမြဲပျက်ဆီးခြင်း ရှိတယ်။ ( အနိစ္စ )
(ခ - ၃) အမြဲတမ်းတည်မြဲသော ချမ်းသာသုခ ရှိတယ်။ ပျက်ဆီးခြင်း အလျင်းမရှိ ( နိစ္စ )

(က - ၄) မွေးဖွားခြင်း (ပဋိသန္ဓေ) နဲ့  သေဆုံးခြင်း (စုတိ) ရှိတယ်။
(ခ - ၄) မွေးဖွားခြင်း (ပဋိသန္ဓေ) နဲ့  သေဆုံးခြင်း (စုတိ) လုံးဝ မရှိတော့ဘူး။

(က - ၅) လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေနဲ့  ပူလောင်နေတယ်။
(ခ - ၅) ပူလောင်နေတဲ့ ကိလေသာအားလုံးမှ ကင်းစင်နေတယ်။

(က - ၆) ခံစားခြင်း (ဝေဒနာ) နှင့် တပ်မက်ခြင်း (တဏှာ) တရားတို့ဖြင့် အီနေတယ်။
(က - ၆) ခံစားခြင်း (ဝေဒနာ) နှင့် တပ်မက်ခြင်း (တဏှာ) တရားတို့မှ လွတ်မြောက်နေတယ်။

(က - ၇) အနှောင်အဖွဲ့တွေ ရှိတယ် ။ လွတ်လပ်မှု လုံးဝမရှိဘူး။
(ခ - ၇) အနှောင်အဖွဲ့ အားလုံး ဘာမှမရှိ၊ အမြဲလွတ်လပ်နေတယ်။

(က - ၈) စကြာဝဠာသည် တကယ်မရှိ။ (ပညတ်သာဖြစ်) ( ပရမတ် မဟုတ်)၊ မမြဲပါ ။
(ခ - ၈) နိဗ္ဗာန်သည် တကယ်၏ ၊ (ပရမတ်) မြဲ၏ ။

(က - ၉) မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ခန္ဓာကိုယ် ရှိ၏ ( အမြဲဖောက်ပြန်ပျက်ဆီးနေ၏ )
(ခ - ၉) မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ခန္ဓာကိုယ် လုံးဝမရှိ ( အမြဲတည်မြဲနေ၏ )

(က - ၁၀) ဓာတ်ကြီး ၄ပါးနှင့်တကွ ( ရုပ်၊ စိတ်၊ စေတသိက် ) တို့ ရှိ၏ (အမြဲဖောက်ပြန်နေ၏)
(ခ - ၁၀) ရုပ်၊ စိတ်၊ စေတသိက် တို့ မရှိ၊ ငြိမ်းအေးမှုသန္တိသုခသာရှိ ( အမြဲတည်မြဲ၏ )

အခုလို ကျွန်တော့်ဘက်က လောကစကြာဝဠာအတွင်းမှာ ရှိတဲ့အရာနဲ့  လောကအပြင်ဘက်
လောကုတ္တရာ နိဗ္ဗာန်မှာ ရှိတဲ့အရာတွေကို ယှဉ်ပြီးချပြခြင်းအားဖြင့် နိဗ္ဗာန်ဆိုတာ
အမှန်တကယ် ရှိကြောင်းကို ထင်ရှားပေါ်လွင်စေပါတယ်။

.

ဒုတိယအချက်အနေဖြင့် နိဗ္ဗာန်ဟာ ဘယ်မှာတည်ရှိပါသလဲ ဆိုတာကို ရှင်းပြပေးမှာဖြစ်ပါတယ်။ နိဗ္ဗာန် ဆိုတာ တည်ရာအရပ် မရှိပါဘူး ။ တည်ရာအရပ်၊
ဌာန မရှိဘူးဆိုတာကို ဆက်လက်ပြီး ဥပမာပုံဆောင်ပြပြီး ဖြေရှင်းပြပေးပါ့မယ်။

.

► ဥပမာ ၁) (လေဖြင့် ဥပမာ ပေးခြင်း)

လေ ဆိုတာ မမြင်နိုင်ပါဘူး။ ရှိမှန်းတော့ သိနိုင်ပါတယ်။ ဘာနဲ့ သိနိုင်သလဲဆိုရင်
နှာခေါင်းဖြင့်သိနိုင်ခြင်း ၊ ခန္ဓာကိုယ်ကို တိုးထိခြင်းဖြင့်သိနိုင်ခြင်း ၊ လေတိုက်ခတ်သံကို နားဖြင့် သိခြင်း၊ စတဲ့ ဆိုင်ရာ ဆိုင်ရာ ရုပ်ဝတ္ထု ဒွါရတို့ ဖြင့် သိနိုင်ပါတယ်။ သို့ သော် မျက်လုံး ဒွါရဖြင့် တော့ မမြင်ရပါ ။ ဒါကြောင့် လောကအတွင်းမှာရှိသော လေတောင်တည်ရာ အရပ်ဌာန မရှိပါလျှင် ၊ လောကမှလွတ်ရာ လောကုတ္တရာ နိဗ္ဗာန်သည် တည်ရာအရပ်ဌာန
ရှိနိုင်ပါ့မလား ။

.

►ဥပမာ ၂) (မီး ဥပမာ ပေးခြင်း)

(မီးဖြစ်လာဖို့ ) မီးတောက်တစ်ခု ဖြစ်တည်လာဖို့ အတွက် ၊ ထိုမီးသည် မီးတောက်မဖြစ်လာမီ
ဘယ်အရပ်ဌာနေမှာ တည်နေသလဲဆိုတာ ဘယ်လိုမှ ပြောလို့ လုံးဝ မရနိုင်ပါဘူး။
မီးတောက်တစ်ခု (မီးဖြစ်လာဖို့ ) ဆိုတာ ကျောက်ခဲနှစ်ခု ထိခတ်ခြင်းဖြင့်သော်လည်းကောင်း၊
သစ်ရွက်များ ပွတ်တိုက်ခြင်းဖြင့်သော်လည်းကောင်း ၊ မီးခြစ်ဆံနဲ့ မီးခြစ်ကျောက် ဖိခြစ်၍သော်
လည်ကောင်း ဖြစ်တည်လာခြင်းပဲ ဖြစ်ပါတယ် ။ တည်ရာအရပ် မရှိနိုင်ပါဘူး။
► ဥပမာ ၃) (ညာဏ်ပညာ ဥပမာ ပေးခြင်း)

လူတစ်ယောက် ငယ်စဉ်ကတည်းက ပညာသင်ကြားလာခဲ့ရာ၊ ၁၀အောင်ပြီး ၊ ဘွဲ့ ပညာတွေကို လည်း ရထားပါတယ်။ ဘွဲ့ လွန် Diploma တွေလည်း ရထားပါတယ်။ Master တန်းလည်းအောင် မြင်ထားပါတယ်၊ Ph.D တန်းတွေလည်း ပြီးထားပါတယ်
ဆိုပါတော့။ ဒီလူတစ်ယောက်ရဲ့  သင်ကြားလာသော ပညာရပ်များဟာ ထိုလူရဲ့ 
ဦးနှောက်ထဲမှာရှိတာလား၊ ဦးခေါင်းထဲမှာ ရှိတာလား၊ နှလုံးထဲမှာရှိတာလား၊
အသွေးအသားထဲမှာ ရှိတာလား၊ ခန္ဓာကိုယ်မှာရှိတာလား ဆိုတာ ဘယ်လိုမှ
ထုတ်မပြနိုင်ပါဘူး၊ တည်ရာအရပ် မရှိပါဘူး။

.

တတိယအချက်အနေဖြင့် နိဗ္ဗာန်ကို (ကိလေသာရှိသော သာမာန်လူသားများ၊ ဘာသာခြားများ) အနေဖြင့် မဖြစ်မနေမြင်ရမှ ကျေနပ်မယ်ဆိုပြီး ပြောဆိုသူများအတွက် ဥပမာပုံဆောင်ပြီး ဖြေရှင်းပြပေးထားပါတယ်။

.

► ဥပမာ ၁) (၀မ်းတွင်ကန်း) မွေးကတည်းမှ မျက်စိနှစ်ကွင်း အလင်းလုံးဝ မရရှိသူဖြင့်
ဥပမာပေးခြင်း။

မွေးကတည်းက မျက်စိမမြင်သူတွေကို ကမ္ဘာကြီးမှာ ပန်းပေါင်းစုံဝေဆာပုံ၊ နေမင်းကြီးက
တောက်ပပုံ၊ လမင်းက ညအခါမှာ သာယာပုံ၊ စသည်တို့ ကို နည်းမျိုးစုံ ပုံစံမျိုးစုံသုံးပြီး
ဘယ်လောက်ပဲ ဖြေရှင်းပြနေပါစေ ထိုဝမ်းတွင်းကန်းပုဂ္ဂိုလ်သည် ပန်းတွေလှပပုံ၊ နေမင်းကြီး
တောက်ပပုံ၊ လမင်းကြီးသာယာပုံ နဲ့ ပတ်သက်ပြီး အစ အန တောင် လုံးဝ သိမြင်နိုင်မှာ
မဟုတ်ပါဘူး ။ သို့ ပေမယ့်လည်း နေမင်းတောက်ပတာ၊ လမင်းကြီး သာယာခြင်းကတော့
အမှန်တကယ် ရှိနေခြင်းသာ ဖြစ်ပါတယ်။ ထိုဝမ်းတွင်းကန်းပုဂ္ဂိုလ်ကို ကျွမ်းကျင်တတ်မြောက်
သော ခွဲစိတ်ပါရဂူများ၊ ခောတ်အမှီဆုံးဆေးဝါးများဖြင့် ကုသပေးပြီး ကံကောင်းထောက်မစွာ
မျက်စိပြန်မြင်ရတဲ့အခါမှာသာ အပြင်လောကဓာတ်ကို သူကိုယ်တိုင်သိမြင်နိုင်မယ့်အရာသာလျှင်
ဖြစ်ပါတယ်။

.

ထို့ အတူပါပဲ ကျွန်တော်တို့ လူသားတွေဟာ မွေးကတည်းက (လောဘ၊ ဒေါသ ၊ မောဟ)
ကိလေသာများနှင့် တိုးတတ်ကြီးပြင်းလာနေကြတဲ့အတွက် ကိလေသာများချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်လောက်ပဲပြောပြနေပါစေ ဘယ်လိုမှ အစ အန တောင် သိမြင်နိုင်မှာ
မဟုတ်ပါဘူး။ မိမိသဏ္ဍန်မှာရှိနေသော ကိလေသာတရားဆိုးများကို ဖယ်ရှားရှင်းလင်း
ပါယ်သတ်ပြီးတဲ့အခါမှာ သာလျှင် ကိလေသာကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို
ကိုယ်တိုင်သိမြင်ခံစား နိုင်မှာပဲ ဖြစ်ပါတယ်။

.

►ဥပမာ ၂) ( ငါး နဲ့  လိပ် ) ( ငါး နဲ့ ဖား ) ဥပမာ ပေးခြင်း

ငါး ဆိုတာ မွေးဖွားလာကတည်းက ရေထဲတွင်သာ နေထိုင်သော သတ္တ၀ါဖြစ်ပါတယ်။
ဖားကတော့ ရေနဲ့ ကုန်း ၂မျိုးလုံးမှာ နေထိုင်သော သတ္တ၀ါဖြစ်ပါတယ်။ ဒီအခါမှာ ဖားသည်
ငါးကို ကုန်းပေါ်တွင် ဘယ်လိုမျိုးအရာတွေတည်ရှိကြောင်း၊ ကုန်းမြေဆိုတာ ဘယ်လိုပုံသဏ္ဍန်
ရှိကြောင်း ဘယ်လောက်ပဲ ပုံဖော်ပြီး ငါးကို ပြောပြနေစေကာမူ ငါးသတ္တ၀ါသည် ဖားပြောပြတဲ့ အစ အန ကိုတောင် သူ စဉ်းစားလို့ ရနိုင်မည် မဟုတ်ပါ ။
ဖား ကဲ့သို့ ကုန်းပေါ်ကို မတတ်နိုင်သ၍ ကုန်းပေါ်မှာ လှုပ်ရှားမသွားလာနိုင်သ၍
ကုန်းမြေအကြောင်းကို လုံးဝ သိနားလည်နိုင်မည် မဟုတ်ပါလို့  ပြောလိုပါတယ်။
သို့ သော် ကုန်းမြေဆိုတာ ဖား ပြောပြသလိုတော့ အမှန်တကယ် တည်ရှိနေခြင်းသာ
ဖြစ်ပါတယ်။

.

ထို့ အတူပါပဲ ကျွန်တော်တို့ လူသားတွေဟာ မွေးကတည်းက (လောဘ၊ ဒေါသ ၊ မောဟ)
ကိလေသာများနှင့် တိုးတတ်ကြီးပြင်းလာနေကြတဲ့အတွက် ကိလေသာများချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘယ်လောက်ပဲပြောပြနေပါစေ ဘယ်လိုမှ အစ အန တောင် သိမြင်နိုင်မှာ မဟုတ်ပါဘူး။ မိမိသဏ္ဍန်မှာရှိနေသော ကိလေသာတရားဆိုးများကို ဖယ်ရှားရှင်းလင်း ပါယ်သတ်ပြီးတဲ့အခါမှာ သာလျှင် ကိလေသာကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်
ခံစား နိုင်မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံး အချက်အနေဖြင့် နိဗ္ဗာန်ရဲ့  ငြိမ်းအေးမှု (အကျိုးရလဒ်) ကို ဘယ်လိုသိနိုင်မလဲ
ဆိုတာကို ဆက်လက်ပြီး ဥပမာပုံဆောင်ပြပြီး ဖြေရှင်းပြပေးပါ့မယ်။
►ဥပမာ ၁) (အိပ်စက်ခြင်း) ဥပမာ ပေးခြင်း
===========================
လောက ကမ္ဘာတွင် လူတွေ နေ့ စဉ် အိပ်စက်အနားယူကြပါတယ်။ ဆေးပညာရှု့ ထောင့်အရ
ဆိုပါလျှင် တစ်နေ့ ကို ၆နာရီ (သို့ ) ၈နာရီ အိပ်စက်ပေးဖို့ လိုအပ်တာကို ညွန်းဆိုကြပါတယ်။
ထိုသို့ အိပ်စက်ခြင်းဖြင့် တနေ့ တာပင်ပန်းနွယ်နယ်မှုများ၊ စိတ်ဖိစီးမှုများ၊ အညောင်းအညာ
အကိုက်အခဲများ၊ စတည်တို့ သည် အတော်အတန် ပျောက်ကင်းသက်သာပြီး နောက်တစ်နေ့ 
အတွက် ဆက်လက်ပြီး ဘ၀မှာ ရုန်းကန်အသက်ရှင်လှုပ်ရှားပြီး လုပ်ကိုင်ရှာဖွေနိုင်ကြမည်
ဖြစ်ပါတယ်။ ဒီလို လောကီရေးရာ အိပ်စက်အနားယူခြင်းရဲ့ ခံစားမှုကို တခြားလူတစ်ယောက်က မိမိအား မေးမြန်းလာမည် ဆိုပါတော့ ။ အိပ်စက်တာဟာ ဘယ်လိုခံစားမှုရှိလဲ ၊ ဘယ်လိုမျိုး ခံစားမှုပုံစံလဲ ဆိုတာမေးလာခဲ့မယ်ဆိုရင်
ဘယ်လိုမှ ပြောပြနိုင်စွမ်း မရှိပါဘူး။

.

►ဥပမာ ၂) (အာရောဂျ) ကျန်းမာခြင်းရဲ့ ခံစားမှု အကျိုးရလဒ် ဥပမာ ပေးခြင်း
=================================================
လူ ၂ ယောက် ရှိကြတယ် ဆိုပါစို့ ။ ထိုလူ ၂ ယောက်လုံးသည် တစ်ယောက်က ချမ်းသာပြီး ၊
တစ်ယောက်က ဆင်းရဲမွဲတေနေကြပါတယ်။ သို့ သော် ထိုလူ၂ယောက်လုံးမှာ အနာကြီးရောဂါ များ၊ နူနာရောဂါ၊ နာတာရှည်ရောဂါများ စွဲကပ်နေကြရတယ်ဆိုပါလျှင် ချမ်းသာသော လူက ငွေကြေးပြည့်စုံတဲ့အတွက် ရှိသမျှစည်းစိမ်တွေကို ပုံအောပြီး မိမိမှာခံစားနေရတဲ့ အနာကြီးရောဂါ၊ နူနာရောဂါ စတဲ့ နာတာရှည်ရောဂါတွေကို
ပျာက်ကင်းအောင် ကုသလိုက်တဲ့အခါမှာ နာတာရှည် စတဲ့ ရောဂါဝေဒနာဆိုးများအားလုံး
ပျာက်ကင်းချမ်းသာသွားပြီး ပျော်ရွှင်ကျန်းမာ လာပါတယ်။ ဒီအခါမှာ တခြား ငွေကြေးမပြည့်စုံတဲ့ နာတာရှည်ရောဂါစွဲကပ်နေတဲ့ လူက ၊
ရောဂါပျောက်ကင်းသက်သာ သွားသော သူကို ကျန်းမာခြင်းက ဘယ်လိုခံစားမှုမျိုးလဲ၊
ဘယ်လိုပုံစံလဲ ဆိုပြီး မေးရင် ဘယ်လိုမှ ပြောပြလို့ မရနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ တကယ်တော့ အနာေ၇ာဂါရှိခြင်းသည် ဆင်းရဲရပြီး ၊ အနာရောဂါမရှိခြင်း၊ ချုပ်ငြိမ်းပျောက်ကွယ်ခြင်းသည် ချမ်းသာခြင်းသာ ဖြစ်ပါတယ်ဆိုတာကို ပြောပြလိုပါတယ်။

.

နောက်ဆုံး အကျဉ်းချုပ်အားဖြင့်
နိဗ္ဗာန် ဆိုတာ အမှန်တကယ်ရှိကြောင်း၊ နိဗ္ဗာန်ရဲ့  လွတ်မြောက်ခြင်း (၀ိမုတ္တိရသ) ၊
အေးငြိမ်းခြင်း (သန္တိသုခ) ကို
- သမ္မာသဗုဒ္ဓ ဘုရားရှင်များ
- ပစ္စေကဗုဒ္ဓ ဘုရားရှင်များ
- အဂ္ဂသာဝက ရဟန္တာများ
- မဟာသာဝက ရဟန္တာများ
- ပဋိသမ္ဘိ ရဟန္တာများ
- ပကတိ သာဝက ရဟန္တာများ
- အနာဂါမ် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
- သကဒါဂါမ် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
- သောတာပန် လူ ၊ နတ်၊ ဗြဟ္မာ ၊ ရဟန်း များ
အားလုံး ကိုယ်တိုင် ကိုယ်ကျ မြင်နိုင် သိနိုင် ၊ မျက်မှောက်ပြုနိုင်ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

.

( ထို့ အတူပါပဲ နိဗ္ဗာန်၏တစ်ခုတည်းသော ၀ိမုတ္တိရသဖြစ်သော ငြိမ်းအေးခြင်း (သန္တိသုခ) ကို
(မဂ္ဂင် ၈ပါး ၊ သတိပဌာန်၎ပါး) စတဲ့ လမ်းစဉ်ဖြင့်ကျင့်ကြံပြီး ၊ ကိလေသာအားလုံးကို
မဂ် ၄ပါး ၊ ဖိုဂ် ၄ပါး ဖြင့် အပြီးတိုင်ပါယ်သတ်ပြီးတဲ့အခါမှသာ မဂ်ညာဏ်ဖိုဂ်ညာဏ် ဖြင့်သာ
သိမြင်နိုင်တဲ့ အချမ်းသာဆုံး၊ အသန့် ရှင်းဆုံးသော နိဗ္ဗာန်ကို သိမြင်နိုင်တာဖြစ်ပါတယ်။ )

နိဗ္ဗာန် ( Nirvana ) http://en.wikipedia.org/wiki/Nirvana

နိဗ္ဗာန် ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည် ။ ငြိမ်းသတ်သည် ဟု ဆိုလိုသည် ။
ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည် ။
(ရတနသုတ်တွင် တွေ့နိုင်သည်။) တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ နှင့် ၀ါန ကို
ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ၀ါန - တဏှာ ။
နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင်
၃၁-ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု
ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက်
သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။ နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာ
အဖြစ်မရှိပေ။ နိဗ္ဗာန်သည် သံသရာနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။

Monday, November 23, 2015

ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်မိရင် လိုက်လာရမဲ့ (၇၈)ချက်

၁။ Email / Facebook Password ကို သူ မပေးရင် မတောင်းပါနဲ့...
၂။ သူ့ကို ယုံကြည်ပါ....
၃။ သူ့ကို အကျပ်မရိုက်ပါစေနဲ့...
၎။ သူ့ကို စဉ်းစားခွင့်ပေးပါ....
၅။ သူ့ကို နားလည်ပေးပါ...
၆။ သူ့ကို စာနာပေးပါ....
၇။ သူ့ကို ဦးဆောင်ခွင့်ပေးပါ...
၈။ သူ့ဆီက အကြံဥာဏ်ရယူပါ...
၉။ သူ့ရဲ့မိသားစု ကို နားလည်ပေးပါ
၁၀။ သူ့ကို ဘုကန့်လန့်မပြောပါနဲ့....
၁၁။ သူ့ကို အထင်သေးတဲ့ စကား မဆိုပါနဲ့....
၁၂။ အကြောင်းရင်း မရှိ အလကားနေရင်း စိတ်မကောက်ပါနဲ့...
၁၃။ သူ ဖုန်းဆက်ရင် ချက်ချင်းကိုင်ပါ...
၁၄။ သူ မက်ဆေ့ခ်ျပို့ရင် စက္ကန့် ၂၀ ထက် ပိုမကြာပဲ အကြောင်းပြန်ပါ....
၁၅။ online သုံးတဲ့အခါ ...သူရှိမရှိ အရင်ကြည့်ပါ....
၁၆။ သူ့ရဲ့ စေတနာစကားကို ပေါ့ပျက်ပျက် မလုပ်ပါနဲ့....
၁၇။ အမြဲတမ်း ကလေး မဆန်ပါနဲ့ ...
၁၈။ နေရာတကာ သူ့ထက်သိတဲ့ ပုံစံမျိုးမလုပ်ပါနဲ့....
၁၉။ မနက်တိုင်း နှုတ်ဆက်စကား ဆိုပါ ...အနည်းဆုံး မက်ဆေ့ခ်ျပို့ပါ....
၂၀။ သူနဲ့ တွေ့တိုင်း အနမ်းပေးပါ....
၂၁။ သူ့မွေးနေ့ကို မှတ်ထားပါ....
၂၂။ သူ့ရဲ့ လစာကို မမေးပါနဲ့....
၂၃။ သူ့ရဲ့ အိပ်မက်ကို ပျက်ရယ် မပြုပါနဲ့...
၂၄။ သူနမ်းတဲ့အခါ မျက်စိ မှိတ်ထားပေးပါ....ဆံနွယ်တွေကို နမ်းခွင့်ပေးပါ
၂၅။ သူကြိုက်တတ်တဲ့ အရာတွေ ကို မှတ်ထားပါ...
၂၆။ သူ မကြိုက်တဲ့ ပစ္စည်းတွေကိုလဲ စာရင်းပြုစုထားပါ...
၂၇။ သူ မကြိုက်တဲ့ အကျင့်တွေကို ပြင်ပါ....
၂၈။ သူ့မိဘတွေနဲ့ အဆင်ပြေအောင် နေပေးပါ...
၂၉။ သူ ၀ါသနာပါရာ အလုပ် ကို နားလည်ပေးပါ....အပြစ်မမြင်ပါနဲ့......သင့်ကို ဥပေက္ခာပြုထားတယ်လို့ မထင်ပါနဲ့...
၃၀။ သူ့ရဲ့ အကျင့်ကို သိထားပေးပါ... တကယ်လို့ ပြင်စေချင်တယ်ဆိုရင် နားဝင်အောင် စေတနာထားပြီး ပြောပါ...အော်ဟစ်ပြောဆိုခြင်း မလုပ်ပါနဲ့...
၃၁။ သူပြောတဲ့  စကားတွေကို မှတ်ထားပေးပါ...
၃၂။ ချိန်းထားတဲ့ နေရာမှာ သူ့ကို နာရီဝက်ထက် ပိုမစောင့်ခိုင်းမိပါစေနဲ့...
၃၃။ ဘေးကျပ်နံကျပ်မေးခွန်းမျိုး မမေးပါနဲ့....
၃၄။ သူနဲ့ သွားတဲ့ အခါ သူ့ရဲ့ လက်ကို ချိတ်ထားပေးပါ...သူ ခါးဖက်တာ ခံနိုင်ရည်ရှိပါစေ....
၃၅။ သူ online မှာ ရှိတဲ့ အခါ ဘယ်ကောင်မလေးနဲ့ ကျူနေတာလဲ စသဖြင့် စကားတွေနဲ့ စတင် မထိုးနှက်ပါနဲ့....
၃၆။ သူ့ရဲ့ ဆွေမျိုးတွေကို နားလည်ပေးပါ...တည့်အောင်နေပါ...
၃၇။ သူ့ဆွေမျိုးတွေရဲ့ အတင်းအဖျင်းကို သူ့ကို မပြောပါနဲ့....
၃၈။ ထမင်းမစားခင် သူ့ကို ဖုန်းဆက်ပြီး ထမင်းစားပြီးပြီလားလို့ မေးပါ...
၃၉။ သူနေမကောင်းတဲ့အခါ...ဆေးခန်းလိုက်ပို့ပေးပါ....
၄၀။ သူ အလုပ်အဆင်မပြေတဲ့အခါ...သင့်ရဲ့ ဆန္ဒကို မျိုသိပ်ထားပေးပါ....
၄၁။ သူ စိတ်ဓာတ်ကျတဲ့အခါ... အားပေးစကားဆိုပါ...
၄၂။ သင် သူ့ကို ဘယ်လောက်ချစ်ကြောင်း...အမူအရာများနဲ့ ပြသပါ....
၄၃။ အရင်တုန်းက ရည်းစားဟောင်းနဲ့ သူ့ကို မနှိုင်းယှဉ်ပါနဲ့...
၄၄။ သူ့ရည်းစားဟောင်းအကြောင်းကို အကုန်လိုက်မမေးပါနဲ့....
၄၅။ အကြောင်းတစ်ခုခု ရှိရင် သူနဲ့ တိုင်ပင်ပါ...
၄၆။ ဈေးဝယ်ထွက်တဲ့အခါ .... သူနဲ့ စကားပြောပါ...၀ယ်မဲ့အရာကိုပဲ အာရုံမစိုက်ပါနဲ့...
၄၇။ သူ့မွေးနေ့မှာ မွေးနေ့လက်ဆောင်ပေးပါ...
၄၈။ သူ့မွေးနေ့မှာ အစောဆုံး မွေးနေ့ ဆုတောင်းပို့ပေးပါ...
၄၉။ အိမ်ပြန် ခွဲခွာခါနီးတိုင်း သူ့ကို အနမ်းပေးပါ....
၅၀။ သူကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တတ်အောင် သင်ယူထားပါ....
၅၁။ သူ သင့်လက်ရာကို မြည်းစမ်းခွင့်ရပါစေ...ချက်ပြုတ်ကျွေးပါ...
၅၂။ သူမကြိုက်တဲ့ တခြားယောက်ျားလေးအကြောင်း သူ့ရှေ့မှာ မပြောပါနဲ့....
၅၃။ သူရှင်းပြတဲ့အခါ...သေချာနားထောင်ပါ...လုံးဝအရေးမစိုက်တာမျိုးမလုပ်ပါနဲ့....
၅၄။ သူ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ မိတ်ဆက်ပေးခွင့်တောင်းပါ...
၅၅။ သင့် သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ....
၅၆။ သင့်မိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ...
၅၇။ အမြဲ နားပူနားဆာ မလုပ်ပါနဲ့...အခြေအနေကို အကဲခတ်ပါ...နေသာမှ ကြေညာပါ...
၅၈။ သူမသိသေးတဲ့ အကြောင်းအရာတစ်ခု ပြောတဲ့အခါ ဒါလေးတောင်မသိဘူးလား လို့မပြောပါနဲ့...အဲလိုတော့ ကြားမိတယ် ကြားဖူးတယ် စသဖြင့် ပြောဆိုပါ...
၅၉။ သူနဲ့ စကားပြောတဲ့အခါ...စကားနာမထိုးပါနဲ့...
၆၀။ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ နားငြီးအောင် မပြောပါနဲ့.......
၆၁။ အိမ်ပြန်နောက်ကျတဲ့အခါ...သူ့ကိုလာကြိုပေးဖို့ တောင်းဆိုပါ...
၆၂။ သူ့ကို စိတ်ကောက်ရင် ၄ ရက်ထက်ပိုမကြာပါစေနဲ့...နားလည်အောင် ညှိနှိုင်းပါ...
၆၃။ လူမှုရေး ဘာသာရေး ၀ါသနာပါတဲ့သူဖြစ်ရင် သူ့အလုပ်ကို ပံ့ပိုးပေးပါ...
၆၄။ သူ့ရှေ့မှာ တခြားကောင်လေးတွေကို စိုက်ကြည့်တာမျိုးမလုပ်ပါနဲ့....
၆၅။ သူတောင်းပန်တဲ့အခါ...သူ့ကို ရှင်းပြခွင့်ပေးပါ.....ကိုယ်ပြောချင်ရာကို တစ်ဘက်သတ်မပြောပါနဲ့...
၆၆။ သူ့ဖုန်းကို ချပစ်တာမျိုးမလုပ်ပါနဲ့...
၆၇။ သူ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ သောက်စားတဲ့အခါ ...နားလည်ပေးပါ....
၆၈။ သူ့အလုပ်က မိန်းကလေးတွေနဲ့ ပတ်သက်ရတဲ့ အလုပ်မျိုးဆိုရင် သ၀န်တို မနာလို မဖြစ်ပါနဲ့...သင့်ကို တကယ်ချစ်တဲ့ ယောက်ျားကောင်းဟာ မဖောက်ပြန်ပါဘူး...
၆၉။ သူ့မိတ်ဆွေ မိန်းကလေးတွေနဲ့ စကားပြောရင် နားလည်ပေးပါ...
၇၀။ သူ့ရှေ့မှာ ရဲတင်းတဲ့ အပြုအမူမလုပ်ပါနဲ့... ရှက်တဲ့ ပုံစံ မျိုး ပြုမူပါ...
၇၁။ သင့်ရဲ့ ဆံနွယ်တွေကို သန့်ရှင်းအောင် အမြဲထားပါ....ကျန်းမာရေးနဲ့ညီညွတ်အောင် သန့်ရှင်းစွာ နေထိုင်ပါ
၇၂။ အလိုက်သိတတ်မှုရှိပါစေ....
၇၃။ အိမ်မှုကိစ္စ နိုင်နင်းအောင် သင်ယူထားပါ...
၇၄။ ကလေး ချစ်တတ်ပါစေ....
၇၅။ သူနဲ့ပတ်သက်တဲ့ ဘေးစကားကို မယုံပါနဲ့... သေချာလေ့လာပြီးမှ သူနဲ့ ဆွေးနွေး ဖွင့်ပြောပါ....
၇၆။ သူကြိုက်တတ်တဲ့ သီချင်းတွေကို မှတ်သားထားပါ....
၇၇။ သူ စိတ်ဆိုးတဲ့အခါ...သူနဲ့ သေချာ ဆွေးနွေးပါ...သင့်ရဲ့အမှားကို ၀န်ခံပါ... တောင်းပန်စကားဆိုပါ....
၇၈။ သူုကို စိတ်ဆိုးလို့ လမ်းခွဲစကား ကို လွယ်လွယ် မဆိုပါနဲ့ ..
မူရင်းတင်​သူကို credit ​ပေးပါတယ်

burma`s lost kingdom by paluma gutman

ရခိုင်​ သမိုင်းအ​ကြောင်းကို နှစ်​​လေးဆယ်​​လောက်​ ရခိုင်​မှာ​နေပြီး သု​တေသနလုပ်​သွားတဲ့ ဆရာမကြီး paluma gutmen ရဲ့ Burma`s lost kingdoms(to download) စာအုပ်​​လေးပါ ဘာသာပြန်​​တော့မဟုတ်​ပါဘူး။ ဆရာမကြီး က​တော့ လွန်​ခဲ့တဲ့နှစ်​လ​လောက်​က ကွယ်​လွန်​သွားရှာပါပြီ။ pdf file size 45mb.

Friday, November 20, 2015

(၃)မျိုး(၃)ပါး မြတ်ဘုရား


ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဝီရိယာဓိဘုရား၊ ကသဒ္ဓါဓိကဘုရား၊ ပညာဓိကဘုရားဆိုပီးသုံးမျိုးရှိပါတယ်-

(၁) ဝီရိယာဓိက - လုံလ လွန်ကဲသောဘုရား (၁၆-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားအဖြစ်သို့ရောက်၏)
(၂)သဒ္ဓါဓိက-သဒ္ဓါတရားလွန်ကဲသော ဘုရား (၈-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားအဖြစ်သို့ရောက်၏)
(၃)ပညာဓိက-ပညာဥာဏ်လွန်ကဲသော ဘုရား (၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားအဖြစ်သို့ရောက်၏)

Sunday, November 15, 2015

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေး အဖြေ

၁။ တစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါဟူသမျှတို့သည် အကြောင်း'အာဟာရ'လျှင် တည်ရာရှိကုန်၏။

၂။ နှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= နာမ်နှင့် ရုပ်တည်း။

၃။ သုံးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= ဝေဒနာသုံးပါးတို့တည်း။

၎။ လေးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။

၅။ ငါးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။

၆။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အတွင်း 'အဇ္ဈတ္တိက' အာယတနခြောက်ပါးတို့တည်း။

၇။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။

၈။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။

၉။ ကိုးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါတို့၏ တည်နေရာ 'သတ္တာဝါသ' ကိုးပါးတို့တည်း။

၁ဝ။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို ''ရဟန္တာ''ဟုဆိုအပ်၏။

အ​ဆောက်​အဦ လုပ်​ငန်းဆိုင်​ရာ အင်​ဂျင်​နီယာလက်​စွဲ


ဘာ​ကြောင့်​ အင်​ဂျင်​နီယာ​တွေလက်​စွဲ ထားသင့်​သလဲ ဆိုတာ အ​ဆောက်​အအုံလုပ်​ငန်းဆိုင်​ရာ အင်​ဂျင်​နီယာလက်​စွဲ ဦး​ကျော်​နိုင်​ ​ရေးသားပြုစုတဲ့ဒီစာအုပ်​​လေးကို ဖတ်​ကြည့်​လိုက်​ပါ​နော်​။လိုချင်​ရင်​ download

Saturday, November 14, 2015

မိန်းကလေးတိုင်း သိထားသင့်တဲ့မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ

စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ အကြိုက်ကျသူ မဟုတ်တဲ့ ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ နှစ်သက်စွဲလန်းကြတာ မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့ အကြောင်းပါ။ ဆိုလိုတာက ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများအနေနဲ့ ဘာမှ အားငယ်စရာ မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊ ကိုယ်လုံးကျတော့လည်း ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။ ရုပ်က မလှရတဲ့အထဲ ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့ မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။ကျွန်တော် ထပ်ပြောပါ့မယ်။ အဲဒါလည်း တစ်စက်ကလေးမှ အားငယ်စရာ မလိုပါဘူးခင်ဗျား။ ယောက်ျားတွေက ဣတ္ထိယတို့ရဲ့ ကိုယ်ခန္ဓာကို စွဲလန်း မက်မောရာမှာ ဘာကို မက်တာလဲ၊ ဘယ်နားလေးကို စွဲတာလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တန်းစီပြီး ချပြပါရစေ။ဟိုတစ်ယောက်တွေ့လည်း ခေါ်တော တစ်ထောင်အားနဲ့ ငေး၊ သည် တစ်ယောက် တွေ့လည်း ဂဏန်းမျက်လုံးမျိုးနဲ့ ငမ်းနေတဲ့ အစ်ကို ပုရိသများဟာ မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာအဆက်အပေါက် အမျိုးမျိုးအမယ်မယ်ကို ဘယ်လို ရှုမြင်သုံးသပ်နေကြသလဲဆိုတာ မမတို့ သိချင်မယ် ထင်ပါတယ်။ပြီးတော့လည်း မမတို့ စိတ်ထဲမှာ ကိုကိုတွေကဖြင့် ဟိုငါးရံ့ကိုယ်လေးကို မျက်စိကျနေပြီ၊ ဟိုအယ်စတုံကြီးကိုဖြင့် မြင်ပြင်းကပ်နေမှာ စသဖြင့် တွေးထားသမျှဟာလေ… (ဟင်း… အမှန်အတိုင်း ဖွင့်ချရရင်ပေါ့ခင်ဗျာ) တက်တက်စင်ကြီးကို လွဲလှပါသဗျ။တကယ်တော့ဗျာ၊ ယောက်ျားတိုင်း ကြိုက်ပါတယ်၊ သဘောကျပါတယ်လို့ အပြည့်အဝ အာမခံနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို တန်းပြောပါဆိုရင် ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တင်ပါးကိုမှ အာရုံကျတတ်တဲ့ ယောက်ျား၊ ခြေသလုံးကိုမှ နှလုံးသွင်းတတ်တဲ့ ယောက်ျား၊ ရင်ကိုမှ မင်တဲ့ယောက်ျား၊ ခြေဖနောင့်ကိုမှ စောင့်ကြည့်တတ်တဲ့ယောက်ျား၊ ဆံပင်ကိုမှ ခင်တွယ်တဲ့ ယောက်ျား၊ အိုး… အစုံပါခင်ဗျ။ အဲတော့ကာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ် အစိတ်အပိုင်းကိုမဆို ပြောကြည့်လိုက်စမ်းပါ။ထပ်ပြောမယ်နော်… ဘယ်နေရာလေးကိုမဆို ပြောလိုက်စမ်းပါ။ ဆံဖျားကနေ ခြေဖျားအထိ၊ ကြိုက်တဲ့နေရာ ပြောကြည့်။ အဲ… အဲဒီ့အပိုင်းလေးကိုမှ ရွေးပြီး စုံမက်တဲ့ ယောက်ျား တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဤမဟာဘဒ္ဒကမ္ဘာမှာ မသွေမုချ ရှိကို ရှိနေရမှာ မလွဲဧကန်ပါခင်ဗျ။အဲ… သို့သော်လည်းတဲ့… ဘယ်ယောက်ျားဟာဖြင့် ဘယ်နေရာကိုမှ ကြိုက်တတ်ပါတယ်ဆိုတာကို ကံသေကမ္မ ဟောကိန်းထုတ်ဖို့ အင်မတိ အင်မတန် ခက်လှပြန်ပါသေးတယ်ခင်ဗျာ။ တကယ့်တကယ်ကျတော့လည်း ကျွန်တော်တို့ယောက်ျားတွေရဲ့ အကြိုက်ကလည်း အချိန်နဲ့အမျှ ပြောင်းပြောင်း နေတတ်ပါသေးတယ်။သည်နေရာမှာ ဥပမာအဖြစ် တခြားသူတွေ အကြောင်းမပြောဘဲ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါရစေ။ ကျွန်တော် လူပျိုပေါက်စ ဘဝတုန်းကဆိုရင် မိန်းမတွေရဲ့ နှုတ်ခမ်းကို အတော် စွဲလန်းခဲ့ဖူးသဗျ။ အဲ… လူပျိုပေါက်စအရွယ်ကို ကျော်လွန်ပြီး လူပျို ကောင်းကောင်းဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ရင်တွေ၊ တင်တွေကို စိတ်ဝင်တစား ကြည့်တတ်လာပါတော့တယ်။ အဲလိုကနေ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ ခြေသလုံးတွေကို စိတ်ဝင်စားမိပြန်ပါရော လားခင်ဗျာ။ နောက်ကျတော့ ခြေဖနောင့် အိအိလေးတွေကို ကြိုက်လာပြန်ရော။ ကျွန်တော် တစ်ယောက်တည်းနော်၊ အမျိုးမျိုး ပြောင်းနေတာ။ နောက် နည်းနည်းလေး အသက် ရလာတော့ ခါးသားလေးတွေ၊ ပုခုံးသားလေးတွေ၊ လက်ပြင်နဲ့ ချိုင်းနားက အသားလေးတွေအထိတောင် ကြိုက်တတ်လာတယ်။ကျွန်တော့်အိမ်သူကိုဆိုရင် ပေါင်းလာတာ ၂၁ နှစ်ရှိပြီ။ အပျိုတုန်းကတော့ သူလည်း ငါးရံ့ကိုယ်နဲ့ပါပဲ။ ကလေးနှစ်ယောက်မွေးပြီးတော့ သူ့ကိုယ်လုံးက ပုံပျက်သွားပြီ။ပထမကလေးကို မွေးပြီးစတုန်းကဆို တော်တော်ကြီးကို ဝလာခဲ့ဖူးသေးတယ်။ ဒါပေမယ့် သူ့ ဝလာလို့ ကျွန်တော်ဖြင့် တစ်စက်မှ စိတ်မပျက်ခဲ့ဖူးတဲ့အပြင် ပိုတောင် သဘောကျမိသေးတယ်။ ဒါပေမယ့် မမက ကျွန်တော့်ဘာသာ ကျွန်တော် ဝါသနာဘာဂီ ဆက်တိုင်းမှီမို့ ကွယ်ရာမှာ ခြေများမိတာကိုပဲ သူ ဝလာလို့ ဖြစ်ရတယ် အထင်ရောက်ပြီး ပိန်အောင် ပြန်လုပ်ယူတယ်ခင်ဗျ။သို့ပေမယ့် ကလေးနှစ်ယောက်အမေဟာ ဘယ်လောက် ပိန်သွားသွား အပျိုလို အချိုးအဆက်တော့ ဘယ်ရှိပါတော့မလဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့လက်ချောင်းလေးတွေရယ်၊ သူ့ခြေသလုံးရယ်က ရင်ခုန်စရာ ကောင်းနေတတ်ပါတယ်။သုတေသနတွေအရ ခိုင်ခိုင်မာမာ ပြောနိုင်တာတစ်ခုကတော့ တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှ ယောက်ျားတွေအားလုံးအတွက် ဘယ်လို ပုံပန်းပဲ ပေါက်နေနေ၊ ဘယ်လို အဆက်အပေါက်မျိုးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ခန္ဓာ အချိုးအစားကို ကိုယ့်ဘာသာ စိတ်တိုင်းကျနေတဲ့ မိန်းမသားတွေကို ယောက်ျားတွေ သဘောတွေ့တတ်ကြပါတယ်။ ပြောင်းပြန် ပြန်ပြောရင်တော့ ကိုယ့်ကိုယ်ခန္ဓာကို အလိုမကျ ဖြစ်နေတဲ့ မိန်းမသားတွေကို ယောက်ျားအတော်များများက စိတ်ပျက်တတ်ကြပါတယ်။ဆိုကြပါစို့… အချိုးအဆက် အင်မတန် ကျလင့်ကစား ကိုယ့်ကိုယ်ကိုယ် ဝလှပြီလို့ အောက်မေ့ ညည်းညူနေတဲ့ ကာယအလှမယ် မိန်းကလေးတစ်ယောက် နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ ခပ်ဖိုင့်ဖိုင့် ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ကြစတမ်း ဆိုရင်လားဗျာ။ ကိုကိုတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိုင့်တိုင့်တိုင့်လေးနောက် ကောက်ကောက်ပါသွားနိုင်ပါတယ်။သည်လိုပြောလိုက်လို့ ယောက်ျားတွေမှာ မျက်စိ မပါဘူးလို့ ဒေါ်ဒေါ် မမတွေ မအောက်မေ့စေချင်ဘူး။ ယောက်ျားတွေဟာ မိန်းမတွေထက် အလှအပကို ခံစားတတ်၊ အမြင်စူးတတ်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ယောက်ျားတွေဟာ အလှအပတစ်မျိုးတည်း၊ အမြင်တစ်မျိုးတည်းကို ဖက်တွယ်ထားသူတွေလည်း မဟုတ်ကြပြန်ဘူး။ ယောက်ျားတွေအမျိုးမျိုး ကွဲပြားနေသလို တစ်ဦးစီရဲ့ အာရုံ ခံစားပုံကလည်း မတူခြားနားနေပါတယ်။တချို့ယောက်ျားတွေအတွက်ကျတော့ မိန်းမသားတွေရဲ့ ကိုယ်နံ့က သူတို့ အတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတတ်တယ်။ (အဲဒီ့ထဲမှာ ကျွန်တော် ထိပ်ဆုံးက ပါပါတယ်။) အဲ… တချို့ကျတော့လည်း မိန်းမတစ်ယောက်ရဲ့ အသံနဲ့တင် အင်သွားနိုင်တယ်။ (အဲဒါလည်း ကျွန်တော် ဖြစ်ဖူးတယ်။ လူလေးကတော့ ချစ်စရာ၊ ကိုယ်လုံးလေးကလည်း မက်စရာ။ စကားပြောလိုက်တဲ့အခါကျတော့မှ ယောက်ျားသံလို အစ်တစ်တစ်၊ အောတောတောနဲ့မို့ တစ်ခါတည်းနဲ့ လန်သွားခဲ့ဖူတာ တစ်ယောက် ရှိဖူးတယ်။) တချို့ကျတော့လည်း အသားအရေကမှ ပဓာန ဖြစ်ချင်ဖြစ်နေပြန်သေးတယ်။ (ဒါတော့ ကျွန်တော်နဲ့ သိပ်မဆိုင်ဘူး ထင်ပါတယ်။)မမတွေ မမေ့သင့်တဲ့ နောက်အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမျိုးသားတွေ ရှုမြင်ခံစားတာဟာ ရုပ်သေ၊ ရုပ်ရှင်တွေမှာ သူတို့ကြည့်ခဲ့ဖူးလေသမျှ မလုံ့တလုံပုံရိပ်တွေကိုသာ စံထားနေတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ဆိုလိုတာက ရမ္မက်စိတ် တစ်ခုတည်းနဲ့တင် မိန်းမသားတွေရဲ့ ကိုယ်ခန္ဓာကို ရှုမြင်သုံးသပ်ရာက ပေါ်ပေါက်လာတဲ့ ခံစားချက်မျိုး မဟုတ်ပါဘူး။အမေတွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ကစားဖော်တွေနဲ့ မိသားစု ဇာတ်လမ်း အထွေထွေက အဲလို မပေါ့်တပေါ် ပုံတွေကို မကြည့်ဖူးခင် ပဝေသဏီကတည်းက ယောက်ျားတွေရဲ့ နှလုံးအိမ်မှာ မိန်းမဆိုတာ ဘယ်သို့ ဘယ်ပုံ ဖြစ်သင့်တယ်လို့ မူချ ပြဋ္ဌာန်းနှင့်ပြီး ဖြစ်ပါတယ်။အမျိုးသမီးအများစုရဲ့ ကိုယ်အလေးချိန်နဲ့ အဆက်အပေါက်အပေါ်မှာ ထားရှိတဲ့ ယောက်ျားသားများရဲ့ စံကို မိန်းမတွေက လျှော့တွက်တတ်ကြတယ်။ ယောက်ျားအများစုဟာ အချိုးအဆက်ကျတဲ့ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို အမျိုးသမီးတွေ ထင်ထားတာထက်ကို အများကြီး ပိုသဘောကျတတ်ကြပါသဗျ။ အတိအကျ ပြောရရင် အမျိုးသမီးတို့ရဲ့ တင်အလှကို အမျိုးသမီးတွေ မျှော်လင့်ထားတာထက် အဆပေါင်းများစွာ ပိုပြီး ရင်ခုန်တတ်ကြသပေါ့ဗျာ။ကိုယ်လုံးသွယ်သွယ်နဲ့ ပါးပါးလှပ်လှပ် မိန်းကလေးတွေအနေနဲ့သူ့ဘာသာ မိုးပျံအောင် လှနေပါစေ၊ အစ်ကိုပုရိသတွေကတော့ မကြိုက်တတ်တာလည်း အမှန်ပါပဲခင်ဗျ။ အဲဒီ့ အရိုးပေါ်အရေတင်နေတဲ့ ငါးဖောင်ရိုးမ လှတပတလေးတွေဟာလည်း တစ်ကမ္ဘာလုံးမှာ ထွက်ရှိနေသမျှ အမျိုးသမီး မဂ္ဂဇင်းတွေမှာသာ ရှေ့တန်းက နေရာယူထားတာဖြစ်ပြီး အမျိုးသားတွေ အစဉ်တစိုက် အားပေး ဖတ်ရှု နေတဲ့ အမျိုးသားများအတွက် သီးသန့်မဂ္ဂဇင်းတွေထဲမှာတော့ အဲလို ပါးလှပ်လှပ်မိန်းကလေးတွေရဲ့ ဓာတ်ပုံ တစ်ပုံတစ်ကွက်လောက် နေရာရဖို့ အင်မတန် ခက်လှတာလည်း အမှန်ပါပဲ။ဆိုလိုတာက စလင်းဘော်ဒီဆိုတဲ့ ပါးလှပ်လှပ်၊ ပိန်လျလျ၊ အရိုးဂေါက်ဂက်နဲ့ ကိုယ်ဟန်ပြမယ်တွေကို မိန်းမတွေကသာ စိတ်ဝင်စားတာ ဖြစ်ပြီး ကျွန်တော်တို့ ယောက်ျားသားတွေအတွက်ကတော့ အဲသလိုဟာမျိုးဆိုရင် နငယ်လုံးကြီးတင် တစ်ချောင်းငင် ဝစ္စအလုံး နှစ်ဆယ် ပေါက်တဲ့အထိ နိုးပါခင်ဗျား။အဲတော့ကာ မမတို့အနေနဲ့က ကိုယ်နဲ့ အရှည် ဆက်ဆံနေတဲ့ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားဆိုရင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။ ဖြစ်နိုင်ရင် တစ်နှစ် တစ်ခါ၊ နှစ်နှစ် တစ်ခါလောက် သတိထားပြီး မေးလိုက်စမ်းပါ။ အခုဆို ကျုပ် ကိုယ်ပေါ်မှာ တော့်အကြိုက်ဆုံး အစိတ်အပိုင်းက ဘာတုံးလို့။ ဒါမှမဟုတ်လည်း ကိုကိုရယ်၊ မောင်မောင်ရယ်၊ ကျွန်မရဲ့ဘယ်နားလေးကို ကိုကိုမောင်မောင် သဘောအကျဆုံးလဲဟင်လို့။ မရရအောင် ဗြောင်သာ ဖွင့်မေးလိုက်ပါ။သူတို့ဆီက တကယ် မှန်ကန် တိကျတဲ့ အဖြေကိုသာ ရမယ်ဆိုရင် မမတွေ အံ့ဩသွားမှာလည်း အမှန်ပါပဲ။ယောက်ျားတွေ အိမ်ထောင်ရေးပြင်ပ “အမှုပွ”ကြတဲ့အခါကျရင် မိန်းမသားတွေဘက်က တောင်တွေးမြောက်တွေး တွေးဖြစ်တတ်ကြပါတယ်။ ကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေလို့ သင်း ခြေလှမ်း များတာလို့ ထင်မိတတ်ကြပါတယ်။တကယ်တော့ အဲဒါ မဟုတ်ပါဘူး။ မယားလုပ်သူက ဂျနစ်ဖှာလိုပက်(ဇ်)လောက် စက်စက်ယို နေလင့်ကစား မယားလစ်တာနဲ့ အသစ်ရှာဖို့ ခြေလှမ်း ပြင်တတ်တဲ့ ယောက်ျားတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။တစ်ယောက်ဆို သူအင်မတန်ချစ်တဲ့ သူ့ဇနီးက တော်တော်လေး လှတယ်။ အရွယ်ကလည်း အစိတ်လောက်ပဲ ရှိသေးတဲ့အချိန်ဆိုတော့ အရွယ်အရလည်း လှနေပြီးသား။ အိမ်ထောင်သက်ကလည်း တစ်နှစ်မပြည့်သေးဘူး၊ သည်ကြားထဲကမှသူ့မိန်းမလောက်လည်း မလှ၊ သူ့မိန်းမလိုလည်း ငါးရံ့ကိုယ်မဟုတ်တဲ့ ခပ်လုံးလုံး ရွက်ကြမ်း ရေကျို မိန်းကလေးတစ်ယောက်နဲ့ ခဏပန်း ဇာတ်လမ်း ဖွင့်ခဲ့တာ ကျွန်တော့် မျက်စိအောက်တင်ပါ။သူများအကြောင်း မပြောဘဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရပြန်ရင်လည်း ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ကျွန်တော်နဲ့ စခန်းသွားခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဆို ကိုယ်အလေးချိန်ကပေါင်တရာ့ခြောက်ဆယ်လောက် ရှိတယ်။ (အဲဒီ့ အချိန်က ကျွန်တော့်အိမ်သူထက် အဖျင်းဆုံး ပေါင် သုံးဆယ်လောက် ပိုတယ်နော်)။ အဲ… အသက်ကလည်း ကျွန်တော့်ထက် ၇ နှစ်၊ ၈ နှစ်လောက် ကြီးသေးတယ်။ (ကျွန်တော့်အိမ်သူက ကျွန်တော့်ထက် ခုနစ်နှစ် ငယ်တယ်။) ဒါပေမယ့် အဲတုန်းက ကျွန်တော် ဘာကြောင့် စွေ့ခနဲ ပါသွားခဲ့သလဲဆိုတာ ကျွန်တော့် အိမ်သူတောင် သိတယ်။ ဟုတ်ကဲ့… အဲဒီ့ ပေါင်တစ်ရာ့ခြောက်ဆယ်က ရင်ခုန်စရာ ကောင်းလှသော “တင်တင်လှ” ဖြစ်နေလို့ပါပဲ ခင်ဗျား။အဲဒီ့အရင် ၄-၅ နှစ်တုန်းကရော ဘာထူးတုံး။ စလင်း ဘော်ဒီလေးနဲ့ ၁၉ နှစ်သမီးလေး တစ်ယောက်နဲ့ သွားရင်းလာရင်း အဆင်ပြေနေတယ်။ မန်းရွှေမြို့က ဟိုတယ်ကြီးမှာ သူကလည်း ဧည့်သည်၊ ကိုယ်ကလည်း ဧည့်သည်။ သည်ကြားထဲက ချိတ်မိသွားကြပြီး သူက ကျွန်တော့်ကားပေါ်မှာ တစ်ချိန်လုံး ပါလာတယ်။ ညနေစောင်းတဲ့အထိပဲ။ အခြေအနေ ကောင်းနေပြီဆိုတာ ကျွန်တော် သိနေတယ်။ညစာစားကြမယ်ဆိုတော့ အဲဒီ့ ၁၉ နှစ်သမီးလေးက မဟာအမှားတစ်ရပ်ကို ကျူးလွန်လိုက်ပါတယ်။ အဲဒါကတော့ သူ့ထက် အလေးချိန် နှစ်ဆနီးပါး ပိုမယ့် အသက်၃၀ကျော် သူ့အဒေါ် တစ်ခုလပ်အမျိုးသမီးကိုပါ ခေါ်လာပြီးကျွန်တော်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။သည်မှာတင် ကျွန်တော်လည်း ၁၉နှစ် သမီးလေးကို စွေ့ခနဲ ပစ်လိုက်ပြီး ၃၀ကျော်နောက် ကောက်ကောက်ပါသွားခဲ့ပါတော့တယ်။ကိုင်း… ဘာပြောချင်ကြသေးသတုံး။ဆိုလိုတာက မိန်းမသားအတော်များများဟာ ယောက်ျားတွေကို နားကို မလည်တတ်ကြပါဘူးခင်ဗျ။ သူတို့ထင်တာကသူတို့တွေ ဝလာပြီ ဆိုရင်ဖြင့် ကိုကိုတွေ အသစ်ရှာလိမ့်မယ်လို့ပဲ။ အဲဒါဟာ တက်တက်စင် လွဲပါတယ်။ တော်ရုံ တန်ရုံ၊ အတိအကျပြောရင် အပျိုတုန်းကထက် ပေါင်နှစ်ဆယ်အစိတ်၊အိုဗျာ၊ အာဏာကုန် ၃၀-၃၅ လောက်အထိ တိုးလာရုံလောက်တော့ ကိုကိုတို့က မဖြုံရေးချ မဖြုံတဲ့အပြင် ကိုယ့်ကို ပိုတောင် သဘောကျလာနိုင်တာကို အမျိုးသမီး အတော်များများ သိမထားမိရှာကြဘူး။ (ဂျပန် နပန်းသမားကြီးလို အပျိုတုန်းကထက် ပေါင် ၄၀-၅၀-၁၀ဝ ပိုတဲ့အထိ တအား ဝလာရင်တော့လည်း တစ်မျိုးပေါ့ခင်ဗျာ။ အဲသလို မရှူနိုင် မကယ်နိုင် မသယ်နိုင်မပိုးနိုင် ဝတက်လာရင်တော့လည်း ယောက်ျားတွေသာမကမိန်းမချင်းတောင် စိတ်ပျက်သွားမှာလည်း သေချာပါတယ်နော်။)ပေါင် ၂၀၊ အစိတ်လောက် ဝလာတာလောက်တော့ ယောက်ျားတွေက ပို သဘောကျတတ်တယ်ခင်ဗျ။ အဲဒါ အမှန်ပါ။ အဲဒါကို မသိဘဲ ပိန်ဆေးတွေ သောက်ကြရ၊ လေ့ကျင့်ခန်းတွေ နင်းခွ လုပ်ကြရနဲ့၊ မမတွေမှာ ဗျာများ နေကြရှာတာ ဪ… တကယ်တော့ သနားစရာပါ။ သည်ကြားထဲ ကျွန်တော်တို့လို လစ်တာနဲ့ ဟိုဟိုသည်သည် အီတတ်တဲ့သူကို လင်တော်ထားရလို့ကတော့ ကိုယ့်ကိုယ်ခန္ဓာကြောင့်လို့ ထင်ပြီး စိတ်တွေဆင်းရဲကြရတတ်ပြန်တယ်။ဒါ့ကြောင့် ကိုယ့်ကိုယ်ခန္ဓာလေး မဆိုစလောက် ဝဖိုင့်နေတဲ့အတွက်ပဲ ဖြစ်စေ၊ အပျိုတုန်းကထက် ပေါင် အစိတ်လောက် ပိုဝလာလို့ပဲဖြစ်စေ စိတ်ဆင်းရဲနေကြသူ မမများ နားလည်အောင် ယောက်ျားတွေရဲ့ ဣတ္ထိယခန္ဓာကိုယ်အပေါ် ထားရှိတဲ့ သဘောထားအမှန်ကို ထုတ်လှန် တင်ပြလိုက်ရတာပါပဲခင်ဗျား။
by lettwebaw
မှတ်ချက်.....http://myawadynews.blogspot.com/မှကူးယူဖော်ပြပါသည်ရွင်လန်းချမ်းမြေ့ကြပါစေ...........

facebook. account hacking

Facebook အ​ကောင့်​ခိုးခြင်း

အကယ်၍ အကောင့်ခိုးလို့မအောင်မြင်ရင်တောင်ယင်းအကောင့် ကြိမ်းသေ Lock ကျမယ့် နည်းပါ။ ဘာမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်လုပ်သွားတဲ့ အဆင့်လေးတွေပဲ ပြောပြပါမယ်။

၁။ Facebook - Browser ထဲကိုကျွန်တော်အရင်ဝင်လိုက်ပါတယ်။

၂။ ဘာမှ မလုပ်ပဲ လျှို့ ဝှက်ကုဒ်နံပါတ် မေ့ပါသည် ဆိုတဲ့ Forget Password ကိုနှိပ်လိုက်ပါတယ်။

၃။ ဒီတော့ Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလား ဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်။

၎။ ဒီမှာ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။

၅။ ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ Yes , This is my account ဆိုတာလေးကို ရွေးချယ်ရပါတယ်။

၆။ ပြီးတော့ Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ ဘာမှမနှိပ်ပါနဲ့။ လူအတော်တော်များများ သတိမထားမိတဲ့ Option တစ်ခုအဲဒီမှာ စပါပြီ။ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာပါပြီလို့ ရွေးချယ်ရတဲ့ I have on longer use this account ဆိုတာပဲ ဖြစ်ပါတယ်။

၇။ I have no longer use this account ကို နှိပ်လိုက်ရင်တော့ ထပ်ကျလာမယ့် box က email address ဖြည့်စွက်ခြင်း ဖြစ် ပါတယ်။ နှစ်ခါတိတိဖြည့်ရပါမယ်။ ဒီမှာ သတိထားရမှာက ကိုယ့်ဖြည့်တဲ့ အီးမေးလ်ဟာ Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေးလ်ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တော့ ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။အဲဒီမှာ တစ်ခုထူးခြားတာက ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာမပို့ပါဘူး။ ဒါက သူတားဆီးထားတဲ့ Security layer ဖြစ်ပါတယ်။

၈။ နောက်ထပ် ကျလာတဲ့ Page ကတော့ Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ ဒီတော့ရွေးချယ်ရမှာက google အကောင့်သုံး မယ်ဆိုတဲ့ User google account ဆိုတာကို အသုံးပြုရပါတယ်။

၉။ နောက်ထပ်ကျလာတဲ့ Box က New email ဖြည့်ရုံပဲ ဖြစ်ပါတယ်။

၁၀။ နောက်တစ်ဆင့်ကတော့ SecurityQuestion ဖြည့်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ Layer တစ်ခုပဲ Facebook က ကောင်းကောင်းကာကွယ်ပေးထားပါတယ်။ ဒီမှာ User သာ အသုံးမကျရင်တော့ ဟက်ကာတို့ အောင်ပွဲ ဆင့်မယ့် အဆင့်ဖြစ်ပါတယ်။

၁၁။ ကျွန်တော့သူငယ်ချင်းခံထားတဲ့ Security Question ကအရမ်းလွယ်ပါ တယ်။ အမေမွေးတဲ့ နေရပ်ဇာတိတဲ့လေ။ သူ မုံရွာသားမှန်းလည်းသိနေတာပဲ။ မုံရွာကို အင်္ဂလိပ်လို ပေါင်းတာမှားမှာစိုးလို့ သူ့ Wall ကနေ ဝင်ပြီး Copy လုပ် ပြီးတော့ ကွက်လပ်လေးမှာ paste လုပ်ပေးလိုက်တာ Enter ခေါက်လိုက်တာနဲ့ အကောင့်က ကျွန်တော်ပိုင် ဖြစ်သွားပါလေရော။

၁၂။ အဲဒီမှာ လျှို့ ဝှက်နံပါတ်အသစ် ဖြည့်ခိုင်းပါတယ်။ အဲမှာ ကိုယ်ဖြည့်ချင်တဲ့ လျှို့ ဝှက်နံပါတ် ဖြည့်လိုက်ရင်ပြီးပါပြီ။

၁၃။ ၂၄ နာရီကြာမှ အကောင့်ကို ပြန်လာဖွင့်ဖို့ပြောပါတယ်။ အဲဒီမှာ အကောင့်က လုံးဝ Lock ကျသွားတာ သေချာပါပြီ။ သူလည်းသုံးနေရင်း တန်းလန်းပိတ်သွားပါတယ်။ ၂၄ နာရီကြာချိန်မှာ ကိုယ်ပြောင်းထားတဲ့ Password နဲ့ ဝင်လိုက်ရုံနဲ့ပဲ အကောင့်က ကိုယ်ပိုင်ဖြစ်သွားပါတယ်။ ၂၄ နာရီတောင်မဟုတ်ပါဘူး။ ၂၃ နာရီ ၅၉ မိနစ်လို့ရေးသားဖော်ပြထားပါတယ်။

ဒုတိယ နည်းလမ်းနောက်တစ်နည်းရှိပါသေးတယ်။ ဒါက Facebook ပေါ်မှာ သူငယ်ချင်းများထံ အကူအညီတောင်းခြင်းဆိုတဲ့ Layer ဖြစ်ပါတယ်။ Security Question အဆင့်မတိုင်ခင်မှာ အဲဒီ အဆင့်ပါရင်ပါတတ်ပါတယ်။ ဒီမှာ အကောင့် သုံးခုဖွင့်ပြီး သူနဲ့ friend လုပ်တယ်ဆိုရင်တော့ ဘယ်အဆင့်မှ သွားစရာမလို ပဲ အကောင့်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ဒုတိယနည်းလမ်း က ပိုမိုလွယ်ကူတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ကျွန်တော်လည်း ကလိနေရင်း အဆင့်တိုင်းကို သေချာမှတ်ထား ဖို့ မေ့သွားလို့ Step တွေတစ်ခုခု လွဲကောင်းလွဲနေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဆင့်တွေကိုပဲစိတ်ရှည်ရှည်နဲ့လုပ်သွားရင် အကောင့်တစ်ခုဆိုတာ ရဖို့မခဲယဉ်းပါဘူး။ဒီမှာ ခလုပ်နှိပ်မမှားစရာ အဆင့်တစ်ခု ရှိပါတယ်။ ဒါကတော့ Send code သွားမနှိပ်မိစေဖို့ ဖြစ်ပါတယ်။ Send code ဆိုတာသာ သွားနှိပ်မိရင်တော့ ကိုယ်ဟက်နေတဲ့ လမ်းပျက်ဆီးသွားပါလိမ့်မယ်။code ကို မူရင်းအကောင့် ပိုင်ရှင်ရဲ့ ဂျီမေးလ်ကို သွားပို့မိပြီဆိုရင်တောင် သူပြန်ဖွင့်ပါလိမ့်မယ်။ ဒီတော့ ဟက်တဲ့ လမ်းက ဆုံးသွားပါတယ်။ သို့ပေမယ့် ၂၄ နာရီအတွင်းသာသူ ဂျီတော့ရော၊ Facebook ရောမသုံးဖြစ်ဘူးဆိုရင်တော့ ဒီပြဿနာ ကျော် လွားနိုင်ပါတယ်။


ကာကွယ်ခြင်း(Prevent from hacking)~~~~~~~~~~~~~~~~~~~~~~~

ဒီမှာ ကိုယ့်အကောင့် အခိုးမခံရအောင် ကာကွယ်ရမှာကကာယကံရှင်ရဲ့ အပိုင်းဖြစ်ပါတယ်။ ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းဟာ အနောက်တိုင်းမှာ အတော်လေးအသုံးများလာတယ်လို့ ဆိုပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီတော့ ကာကွယ် ရမယ့် သူ အဓိကလုပ်ဆောင်ရမှာ နှနှစ်ခုရှိပါတယ်
၁။။ မိမိရဲ့  Facebook ဖွင့်ထားတဲ့ အီးမေးလ်ကို လူပေးမသိစေခြင်း။

၂။ Security Question ကို တကယ်လေးလေးနက်နက် ထားခြင်း။Security Question က ပိုအရေးကြီးပါတယ်။ အချို့ က ပြီးပြီးရောဆိုပြီး မွေးရပ်ဇာတိ၊ အေးအေး၊ မြမြ၊ အစရှိသဖြင့် အလွယ်တကူတွေထားတော့ ကွိုင်တက်ကုန်ပါတယ်။ Security Question အပိုင်းသာခိုင်ခိုင်လေး လုပ်ထားရင် အကောင့်ခိုးခံရနိုင်ချေနည်း ပါတယ်။ ပြီးတော့ ကိုယ့် အီးမေလ်ကို လျှို့ ဝှက်ခြင်းဖြစ်ပါတယ်။ ဒါကတော့ မလွယ်ပါဘူး။ ဘာလို့လဲဆို ကိုယ့်ကို ဟက်မယ့်သူက အီးမေးလ်သိနေတော့။ ယင်းအီးမေးလ်ကို အလွယ်တကူ ဖြည့်ဆွက်ပြီး ဟက်လိုက်တာဖြစ်ပါတယ်။ ဒီတော့ Security Layer ဖြစ်တဲ့ Question ကိုပဲ အားကိုးရတော့မှာ ဖြစ်ပါ တယ်။အထက်ဖော်ပြပါ ကာကွယ်နည်းက အထက်ဖော်ပြပါ ခိုးနည်းရန်က ကင်းဝေးရန် ဖြစ်ပါတယ်။ အခြား ခိုးနည်းရန်မှ ကာကွယ်ရန်ကတော့ မိမိတာဝန်သာဖြစ်ပါတယ်။Facebook က လုံခြုံရေးတော်တော်ညံ့ဖျင်းတယ်လို့ အပြောခံရပြီးနောက်ပိုင်း Question ထားတဲ့ ကိစ္စကျတော့ ကာယကံရှင်တာဝန်သာဆိုတာကို သိစေဖို့ ဖြစ်ပါတယ်။

 Facebook ကအဲဒီထက်ပိုမကာကွယ်ပေးနိုင်ပါဘူး။ အဲဒီထက်သာ ပိုကာကွယ်ရင် ကိုယ်တိုင်တောင် ဝင်ဖို့ခက်သွားပါမယ်။ သို့ပေမယ့် Sesurity Question ပြီးတော့ နောက်ထပ်တစ်ဆင့် ခံသင့်သေးတယ်လို့ အကြံပေးသူများ ရှိလာပါတယ်။ဒီတော့ စာရေးသူ မှာကြားချင်တာကတော့ Security Question မြင့်တင်စေဖို့ပဲ ဖြစ်ပါတယ်။အီးမေးလ်ကတော့ အချင်းချင်းတွေသိနေမှာမို့ မတတ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ဟက် မယ့်သူကလည်းလူသိသာ ဟက်နိုင်မယ့် နည်းလမ်း လို့ အနီးစပ်ဆုံး သတ်မှတ်နိုင်ပါတယ်။ အချို့ ဆို Security Question တွေ မမှတ်မိတော့ပါဘူး။ ဒါတကယ် ဝမ်းနည်းစရာပါပဲ။ Facebook က Security Question နှစ်ခါ ဖြေခွင့် မပေးထားပါဘူးတဲ့ သူပေးတဲ့ စာအရဆိုရင်We want to make sure that your account and the information in it stays safe, so once you set up a security question on your account there’s no way to update it. Sorry for the inconvenience. အဲဒီလို ဖြစ်ပါတယ်။ဒီတော့ နောက်ထပ်တစ်နည်းကတော့ Password မေ့သွားပါတယ်ဆိုတဲ့ ထုံးစံ မေ့နေကျ Step အတိုင်းသွားပြီး ပြင်ရုံပဲဖြစ်ပါတယ်။အထက်ပါနည်းလမ်းများကို မိတ်ဆွေများထံ မျှဝေပီး သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ရှခြင်းမှ ကင်းဝေးအောင် ဖေးမကူညီကြပါရန် ရေးသား တိုက်တွန်းလိုက်ရပါတယ်။

Original Posted by : ​မောင်​​မောင်​မြင့်​​ဆွေ(နည်းပညာ)1/12/2015
Credit toမိုဘိုင်း နည်းပညာများမျှ ဝေရာ

Friday, November 13, 2015

မျက်​ကွင်းညိုခြင်း ကင်း​ဝေးဖို့

 မျက်ကွင်း ညိုခြင်းသည် ရောဂါတစ်ခု မဟုတ်ပါ။ မျက်လုံး ပတ်ပတ်လည်တွင် အာဟာရပြု ထောက်ပံ့နေသည့် ဆံချည်မျှင် သွေးကြောလေး များထဲတွင် ရှိသော ဟေမိုဂလိုဘင် များ ပျက်စီး ဆုံးရှုံးခြင်းမှ ထွက်ပေါ် လာသော ရလဒ်တစ်ခု ဖြစ်ပါသည်။ မျက်ကွင်း ညိုနေခြင်း သည် မိန်းကလေးများ အဖို့ အလှတစ်ခု ပျက်ယွင်းဆုံးရှုံး နေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် မျက်ကွင်းညိုခြင်း ကို ဖြစ်စေ တတ်သော အခြေအနေ များနှင့် မျက်ကွင်းညိုခြင်း ကို မည်သို့ ကာကွယ်သင့် သည်ကို ဖော်ပြပေး လိုက်ပါသည်။ မျက်ကွင်းညိုခြင်း သည် အောက်ပါ အကြောင်းအရင်း များကြောင့် ဖြစ်စေပါ သည်။ မျိုးရိုးလိုက်ခြင်း၊ အိုမင်းရင့်ရော် လာခြင်း၊ နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့ခြင်း၊ နေ့စဉ်ရက်ဆက် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ကွန်ပျူတာ၊ တီဗွီ မှန်သားပြင် ရှေ့တွင် အချိန် ကြာမြင့်စွာ အာရုံစိုက် ကြည့်ရှုတတ်ခြင်း၊ နှင်းခူ ကဲ့သို့သော ဓာတ်မတည့်သည့် ရောဂါများ ရှိနေခြင်း၊ ထိပ်ကပ်နာ ကဲ့သို့သော နှာခေါင်းနှင့် ပတ်သက်သည့် ရောဂါများ ရှိနေခြင်း တို့ကြောင့် ဖြစ်စေ နိုင်သည်။ မျက်ကွင်းညိုခြင်း မဖြစ်အောင် ဘယ်လို နည်းတွေနှင့် ကာကွယ်ကြ မလဲ။ မျက်ကွင်း ညိုခြင်း ကို သက်သာစေရန် နည်းလမ်းများ မှာ ရေများများ သောက်ခြင်း၊ မျက်စိကို လက်ဖြင့် ကြမ်းကြမ်း တမ်းတမ်း မပွတ်မိအောင် သတိပြုခြင်း၊ သခွားသီး သို့မဟုတ် အာလူးတို့ကို အခွံနွှာကာ အကွင်းလိုက် ပါးပါးလှီး၍ မှိတ်ထားသော မျက်လုံးပေါ်၌ တင်ပေး ထားနိုင်ပါသည်။ သံလွင်ဆီ သို့မဟုတ် ဗီတာမင်အီး ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံး၏ ပတ်လည်တွင် လိမ်းပေး နိုင်ပါသည်။ ထို့အပြင် အိပ်ရေးဝဝ အိပ်ပေးရန်လည်း လိုအပ်သည်။ အိပ်ရေးပျက် ခြင်းကြောင့် မျက်တွင်း ချိုင့်လာပြီး မျက်ကွင်းညို သကဲ့သို့ ဖြစ်ပေါ် စေတတ်သည်။ စိတ်ဖိစီးမှု ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် သတိပြု နေထိုင်ရန် လိုပြီး ကွန်ပျူတာ ရှေ့နှင့် တီဗွီရှေ့တွင် တစ်ထိုင်တည်း အချိန် ကြာမြင့်စွာ ကြည့်ရှု အသုံးပြုခြင်းကို ရှောင်ကြဉ် ရပါမည်။ ဤသည်ကို သတိမထား ပါက မျက်ကွင်းညိုခြင်း အတွက် သာမက ခန္ဓာကိုယ်၏ အဆစ်အမျက် များနှင့် ဦးနှောက် အလုပ်လုပ် နိုင်စွမ်းများ ကိုပါ ထိခိုက် စေနိုင်ပါသည်။ မျက်လုံးကို မကြာခဏ အနားပေးပါ။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြား၌ မယ်လနင် ( Melanin ) များ ပိုမိုထွက်ရှိ နိုင်ပြီး မျက်ကွင်းညိုခြင်း ကို ပိုမိုဆိုးရွား စေနိုင်ပါသည်။ အရည်ရွှမ်းသော အသီးများ၊ လတ်ဆတ်သော အသီးများ နှင့် ဟင်းသီးဟင်းရွက် များ စားခြင်း ကလည်း မျက်ကွင်းညို ခြင်းကို လျော့ကျသက်သာ စေနိုင်ပါသည်။

MPTကအခမဲ့သုံးခွင့်ပြုလိုက်ပြီဖြစ်တဲ့ Call Wait Service,Call Forward Service,Voice Mail Servie & Missed Mail Alert ၀န်‌‌ဆောင်‌မှုအကြောင်း


၊Call Waiting
Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်းအ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊အဲဒီအချိန်မှာလက်ရှိပြောနေတဲ့ဖုန်းကိုမချပစ်ဘဲ ..Holdကိုနှိပ်ပြီး နောက်ထပ်ဝင်လာတဲ့ Call ကိုလက်ခံပြီးစကားပြောလို့ရတဲ့ Serviceပဲဖြစ်ပါတယ်။ဒီServiceကတော့ဖုန်းတစ်လုံးမှအလွတ်မခံချင်တဲ့လုပ်ငန်းရှင်သမားတွေအတွက်တော့တော်တော်ကိုအသုံးဝင်တဲ့Serviceတစ်ခုပဲဖြစ်ပါတယ်။အိမ်ကမိန်းမဆက်တာကိုမလွတ်စေချင်ရင်လဲ လုပ်ထားလိုက်ပေါ့နော်။Call Wait Service ကို အသုံးပြုလိုပါက 1331 သို့  Orderdata CH (or) orderdata CW ဟု ပေးပို့ရမည် ဖြစ်ပြီး (CH ပို့ခဲ့ပါကပြန်စာ ရရှိပါက Orderdata CH ဟု ပြန်လည် ပေးပို့ရမည်)။Call Wait Service စနစ်သည် ဖုန်းလိုင်းမအားသည့်အခါ လိုင်းကျသွားခြင်းမရှိဘဲ စောင့်ဆိုင်းပေးသည့် ၀န်ဆောင်မှု ဖြစ်သည်။

Call Forwarding
Call Forwardingဆိုတာကတော့မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက်လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ဥပမာအားဖြင့်မိမိမှာဖုန်းနှစ်လုံးရှိတယ်ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call ForwardingService နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင်ထည့်သွင်းထားတဲ့ဒုတိယဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။ all Forward Service ကို အသုံးပြုလိုပါက 1331 သို့ Orderdata CF ဟုပေးပို့ရမည်ဖြစ်သည်။ Call Forward Service သည် မိုဘိုင်းဖုန်းနှစ်လုံးကို ကိုင်ဆောင်သည့်အခါ ဖုန်းတစ်လုံးမှ တစ်လုံးဆီသို့လွှဲပြောင်း လက်ခံခြင်း ၊လွှဲ ပြောင်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

Voice Mail Service
Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီးအသုံးပြုပုံကတော့ ...မိမိဆီကိုဝင်တဲ့ Voice Mailအသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mailတွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီးပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကိုနှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။Voice Mail Service ကို အသုံးပြုလိုပါက 1331 သို့ Orderdata VMS ဟုပေးပို့ရမည်ဖြစ်သည်။ Voice Mail Service သည် အသံဖိုင် ကို ပေးပို့နိုင်သော ၀န်ဆောင်မှု ဖြစ်သည်။  

Missed Call Alert
Missed Call Alert ကို အသုံးပြုလိုပါက 1331 သို့ Orderdata MCA ဟုပေးပို့ရမည်ဖြစ်သည်။Missed Call Alert သည် မိုဘိုင်းဖုန်းလိုင်းပြောဆိုနေစဉ် ဖုန်းလိုင်းဝင်ရောက်လာသည့်အခါ အချက်ပြသည့် ၀န်ဆောင်မှု ဖြစ်သည်။      

မှတ်ချက်
(၁) ဝန်ဆောင်မှုကို GSMနှင့် WCDM တွင်သာအသုံးနိုင်သည်
(၂) Voice Mail Service နဲ့ Missed Call Alert နှစ်ခုမှ တစ်ခုသာသုံးရန်
(၃) Call Wait Service နဲ့ Call Forward Service နှစ်ခုမှ တစ်ခုသာသုံးရန်
(၄) အောက်ပါဝန်ဆောင်မှုပါယ်ဖျက်ရန်တွက်ယှည်တွဲပါစာလုံးများကို 1331သို့ massageပို့ရန်
   (က) Voice Mail ကို Cancel VMS
   ( ခ) Call Forwarding ကို Cancel CF
   ( ဂ) Call Waiting ကို Cancel CW
   (ဃ) Missed Call Alert ကို Cancel MCA

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း ၁၀ ချက်

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်း လမ်းဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ် မပေးရင်ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ် တာမျိုး၊စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင် မှုတွေကို လျော့ကျစေသလိုဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်ကာဗွန်ဒိုင်အောက် ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေ ပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက် တာမျိုးရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံး တဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကိုအောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း
ဒါကတော့ ကျွန်တော် ကိုယ်တိုင်လည်းသောက်တာပါ ပဲ ဆေးလိပ်ေ သာက်ခြင်းကြောင့်ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ် လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေး လွှတ်ကြောတွေကိုတင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။

Credit မြ၀တီ









Thursday, November 12, 2015

အားလုံးပဲ မင်္ဂလာပါ

ကျွန်​​တော်​ဘ​လော့ကို လာလည်​တဲ့အတွက်​ ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာချမ်းသာကြပါ​စေ